သက်တော် (၉၃)နှစ်ရှိ ရေဖြူမြို့နယ်၊ ဧကနိ‌ ကျေးရွာ အနောက်ကျောင်းဆရာတော်ဘုရားကြီး၏ အန္တိမဈာပန အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သက်တော် (၉၃)နှစ်ရှိ ရေဖြူမြို့နယ်၊ ဧကနိ‌ ကျေးရွာ အနောက်ကျောင်းဆရာတော်ဘုရားကြီး၏ အန္တိမဈာပန အခမ်းအနားကျင်းပ





ရေဖြူ၊ ဒီဇင်ဘာ ၇ 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ဧကနိ‌ကျေးရွာ အနောက်ကျောင်းကြီး၏ ဦးစီးပဓာနနာယကဆရာတော်၊ စခန်းကြီးသုဓမ္မာဂိုဏ်းကြီး၏ ဒုတိယနာယကချုပ်ဆရာတော်၊ ဘဒ္ဒန္တကုဏ္ဍလသည် ဘဝနတ်ထံပြန်လွန်တော်မူသွားသဖြင့် အန္တိမဈာပနအခမ်းအနားကို  ဒီဇင်ဘာ(၅)ရက်နေ့ နေ့လယ်(၁)နာရီက အဆိုပါကျောင်းတိုက်တွင်ကျင်းပပြုလုပ်ခဲ့သည်။ 

ရှေ့ဦးစွာ သဗ္ဗေသင်္ခါရာ အနိစ္စာတိ (၃) ဂါထာ‌တော်ကိုရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ဧည့်ပရိတ်သတ်အပေါင်းက ရေဖြူမြို့နယ် ဩဝါဒဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ 

ထို့နောက် ဘဒ္ဒန္တကုဏ္ဍလဆရာတော်ဘုရားကြီး၏ ထေရုပ္ပတိအကျဉ်းနှင့် ဓမ္မသံဝေဂဂါထာကို ဖတ်ကြားပူ‌ဇော်ခဲ့ပြီး ဈာအနအခမ်းအနားသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ 

ထို့နောက် ဆရာတော်ကြီး၏ရုပ်ကလပ်တော်အား တပည့်သံဃာများကပင့်ဆောင်ပြီး ကျောင်းတိုက်ကြီး၏ကွင်းပြင်တွင် ဆရာတော်ဘုရားကြီးရုပ်ကလပ်တော်အား မီးသင်္ဂြိုလ်ပေးခဲ့ကြသည်။ 

ဆရာတော်ဘုရားကြီးသည် ၁၃၈၃ခုနှစ်၊ တန်ဆောင်မုန်းလဆုတ်(၁၀)ရက်၊ ၂၀၂၁ခုနှစ် နိုဝင်ဘာ (၂၈)ရက် နံနက် ၈ နာရီ ၃၆မိနစ်အချိန် သက်တော် (၉၃)နှစ် ဝါတော်(၇၁)ဝါတွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ရာ (၇)ရက်ကြာ ဓမ္မတရားတော်များဖြင့် ပူဇော်ထားရှိ၍ ဒီဇင်ဘာ(၅)ရက်နေ့တွင် အန္တိမဈာပနအခမ်းအနား ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 


သတင်း - ခတ္တာ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)