ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ခနောင်တိုအရှေ့ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (အထက-ခနောင်တို)တွင် ဒီဇင်ဘာ ၂၄ ရက်ကကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ အခမဲ့ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးဦးထင်အောင်၊ မြို့နယ်ဦးစီးမှူး ဦးသိန်းရီနှင့် ခရိုင်/မြို့နယ် ဝန်ထမ်းများက အသက် ၁၀ နှစ်ပြည့်ပြီးသည့် အခြေခံပညာကျောင်းသား၊ကျောင်းသူ ၄၅ ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားများအခမဲ့ကွင်းဆင်း လုပ်ဆောင် ပေးကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး၊ ဆရာ/ဆရာမများနှင့် ကျောင်းသားမိဘများက ပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - သိင်္ဂီပြည့်ဖြိုး
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment