ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လွမ်းခြုံမှု ၅၀ ရာခိုင်နှုန်းပြည့်မီရေးအတွက် ကာကွယ်ဆေးများ အရှိန်အဟုန်မြှင့်ဆက်လက်ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လွမ်းခြုံမှု ၅၀ ရာခိုင်နှုန်းပြည့်မီရေးအတွက် ကာကွယ်ဆေးများ အရှိန်အဟုန်မြှင့်ဆက်လက်ထိုးနှံပေးလျက်ရှိ

 


ကျောက်မဲ၊ ဒီဇင်ဘာ  ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်း ကိုဗစ်၁၉ ရောဂါကာကွယ်ဆေး လွမ်းခြုံမှု ၅၀ ရာခိုင်နှုန်း ပြည့်မီရေးအတွက်   အသက်   ၁၈ နှစ် အထက် ပြည်သူများအား သတ်မှတ်စုရပ်အသီးသီး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 

ယနေ့နံနက်ပိုင်းတွင် ကျောက်မဲမြို့ပေါ်ရှိ အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ပထမ အကြိမ်နှင့် ဒုတိယအကြိမ်တို့ကို မြို့ကျက်သရေဆောင်ခန်းမနှင့် ကွန်ဖြူးရှပ် ကျောင်းတို့၌ စုရပ် ၂ နေရာခွဲ၍ ထိုးနှံပေးလျက်ရှိသည်။

ထို့အပြင်  ကျောက်မဲမြို့ မိုဘိုင်းဆေးထိုးအဖွဲ့က ကျောက်မဲမြို့နယ်၊  မန်‌ကျောင်း ကျေးရွာအုပ်စုသို့ ကွင်းဆင်း၍ မန်‌ကျောင်း၊ ကျူရှော‌နှင့် နောင်ပြစ်ကျေးရွာများရှိ  ဒေသခံပြည်သူများအားကာကွယ်ဆေး ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အနေဖြင့် ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် အကျုံးဝင်သည့် အသက် ၁၈ နှစ်အထက် ပြည်သူပေါင်း ၁၀၉၈၂၆ ဦးရှိပြီး ၎င်းတို့အနက် ယမန်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူပေါင်း ၅၃၈၉၅ ဦးရှိကာ ကျောက်မဲမြို့နယ်အနေဖြင့် ကာကွယ်ဆေး ထိုးနှံပြီးစီးသည့် ရာခိုင်နှုန်း ၄၉ဒဿမ ၀၇ ရာခိုင်နှုန်း ရှိပြီဖြစ်ကြောင်း သိရသည်။

သတင်း - မိုင်းထွန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)