ဝေါ၊ ဒီဇင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ဦးတည်အုပ်စုများ အလိုက် ပြည်သူများအား စတင်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက ဝေါမြို့နယ်ခန်းမတွင် ၂၈.၁၂.၂၀၂၁ ရက်နေ့နှင့် ၂၉.၁၂.၂၀၂၁ ရက်နေ့များတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးရသေးသူများအား Phase-5 ပထမအကြိမ် Sinovac ဆေးကို လည်းကောင်း၊ Phase-3, 4 ပထမအကြိမ် ဆေးထိုးပြီးသူများအား ဒုတိယအကြိမ် Sinopharm ဆေးကိုလည်းကောင်း တစ်ပြိုင်တည်း ထိုးနှံပေးလျက်ရှိသည် ။
ကာကွယ်ဆေးထိုးနှံခြင်းကို ဝေါမြို့ပေါ် (၆) ရပ်ကွက်မှ အသက် ၁၈ နှစ်နှင့်အထက် မိဘပြည်သူများ ၊မသန်စွမ်းသူများ၊ နာတာရှည် နှင့်မကူးစက်နိုင်သော ရောဂါရှိသူများ၊ ယခင်ကာကွယ်ဆေး ထိုးနှံပေးရာတွင် အကြောင်းအမျိုးမျိုးကြောင့် ဆေးထိုးနှံရန် ကျန်ရှိနေနိုင်ငံ့ဝန်ထမ်းများအား စာရင်းကောက်ယူ၍ စနစ်တကျ မှတ်တမ်းရေးသွင်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းတို့ကို ဝေါမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဝေါမြို့နယ်အတွင်း ၁၈ နှစ်အထက် (၁၅၉၇၄၇) ဦးအား ရည်မှန်းထားပြီး ကာကွယ်ဆေးထိုးနှံပြီးသူ (၁၈) နှစ်အထက် (၆၃၅၆၁) ဦးအား ကာကွယ်ဆေး ထိုးနှံခဲ့ကာ ဆေးထိုးရန်ကျန်ရှိသည့် ဒေသခံပြည်သူ (၉၆၃၈၆) ဦးအား ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ယနေ့မှစ၍ Phase5 Sinovac ကာကွယ်ဆေးကို လူဦးရေ (၃၃၄၀၀) ဦးအတွက် ဆေးထိုးနှံနိုင်ရေးကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ကို Phase 5 ပထမအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်မှစ၍ ထိုးနှံပေးလျက်ရှိပြီး ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူများအနေဖြင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း ဒုတိယအကြိမ် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
သတင်း - အောင်မြတ်လင်း
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment