မောက်မယ်မြို့နယ်၌ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောက်မယ်မြို့နယ်၌ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်




မောက်မယ်၊ ဒီဇင်ဘာ   ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း အသက်(၈၅)နှစ် အထက် ဘိုးဘွားများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ လူမှုရေးပင်စင်ထောက်ပံ့ငွေများကို မောက်မယ်မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာ အုပ်စုအတွင်းရှိဘိုးဘွားများအတွက် ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းရုံးမှ ဦးစီးမှူးဒေါ်ချိုချိုလွင်က မောက်မယ် မြို့နယ် အတွင်းရှိဘိုးဘွားများအား ၂၀၂၁-၂၀၂၂ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ပထမ သုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လများအတွက် လူမှုရေးပင်စင်ထောက်ပံ့ ငွေများ ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး မိမိရပ်ကွက်/ကျေးရွာ အုပ်စုအတွင်းရှိ အသက်(၈၅)နှစ် နှင့်အထက် ဘိုးဘွား များ(၆၂)ဦးအတွက် တစ်ဦးလျင်ကျပ်သုံးသောင်းနှုန်းဖြင့် ထောက်ပံ့ငွေ(၁၈၆၀၀၀ဝိ/)ကျပ်အား တာဝန်ရှိသူများက ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှ တဆင့် ဆက်လက် ထောက်ပံ့ ပေးနိုင်ရန် ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း - စိုင်းမျိုးသန့်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)