နေပြည်တော်၊ ဒီဇင်ဘာ ၂၉
သမီးဖြစ်သူကို တရုတ်နိုင်ငံသားနှင့် ပေါင်းသင်းရန် အခကြေးငွေရယူခဲ့သည့် မိခင်ဖြစ်သူနှင့် အတင်းအဓမ္မ ပေါင်းသင်းနေထိုင်ခဲ့သည့် တရုတ်နိုင်ငံသားတိုအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲမှ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြိုနယ်၊ ဆင်ခြံကျေးရွာနေ ဒေါ်ပြုံးက သမီးဖြစ်သူ မ xxx ၊ ၁၄ နှစ်ကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နေ လောပန်း(ခ)အားတေ့နှင့် သားမယားအဖြစ် ပေါင်းသင်းရန် အခကြေးငွေများရယူခဲ့ပြီး တရုတ်နိုင်ငံသား လောပန်း (ခ) အားတေ့က သားမယားအဖြစ် အတင်းအဓမ္မ ပေါင်းသင်းနေထိုင်ခဲ့သဖြင့် မြစ်သားမြိုမ ရဲစခန်း(ပ) ၂၆၈/ ၂၀၂၀၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် ကျောက်ဆည်ခရိုင်တရားရုံးသို တရားစွဲတင်ပိုခဲ့ရာ ဒီဇင်ဘာ ၂၈ ရက်တွင် တရားခံ ဒေါ်ပြုံးနှင့် လောပန်း(ခ)အားတေ့တိုကို လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment