မန္တလေး၊ ဒီဇင်ဘာ ၂၉
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မန္တလေးတိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဆေးရုံကြီး (မန္တလေး) အစည်း အဝေးခန်းမ၌ ခေတ္တဆေးရုံအုပ်ကြီး၊ ဆရာဝန်၊ သူနာပြုများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အလုပ်ရှင်နှင့် အာမခံအလုပ်သမားများ၏ အားကိုးယုံကြည် ရသည့် လူမှုဖူလုံရေးစီမံကိန်းဖြစ်စေရန်၊ အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးချဲ့ ဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေးပြည့်မီသော ကျန်းမာရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်လို ကြောင်း၊ အာမခံအလုပ်သမားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများ အပါအဝင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် လိုအပ်သည့် အခန်းကဏ္ဍများ တွင် ပါဝင်ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းလိုအပ်ချက်ကို ဖြည့်ဆည်းပေး သွားမည်ဖြစ်ကြောင်း၊ လူနာကုသရေးလုပ်ငန်း၊ ဆေးရုံသုံးပစ္စည်းများ ပြင်ဆင်ထိန်းသိမ်းခြင်း၊ သက်တမ်းလွန်/ လေလွင့်ဆေးများ မဖြစ်စေရန် စီမံခြင်း၊ ဆေးရုံလုံခြုံရေး အလေးထားဆောင်ရွက်ရန် လိုကြောင်း။
လူမှုဖူလုံရေးအဖွဲ့သည် အာမခံအလုပ်သမားများ အားကိုးအားထားပြုရသည့် ဌာနတစ်ခု ဖြစ်စေရန် အလုပ်ရှင်၊ အလုပ်သမားများ၏ အဓိကလိုအပ်ချက်ဖြစ်သည့် ကောင်းမွန်သော ဆေးကုသမှုဝန်ဆောင်မှု ကိုပေးအပ်နိုင်ရန်နှင့် ယခုထက်ပိုမိုထိရောက်အောင် ဆောင်ရွက်ပေးနိုင်ရန်လိုအပ်ကြောင်း မှာကြား သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ခေတ္တဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများ၏ တင်ပြချက် များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး နှာခေါင်းစည်း (Mask)များ ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အလုပ်သမားဆေးရုံကြီးအတွင်း ပြင်ပလူနာဌာနသို့ လာရောက်ပြသသည့် ပြင်ပလူနာများအား နှုတ်ဆက်အားပေးပြီး ဆေးဝါးကုသပေးနေမှုများ၊ အတွင်းလူနာကုသပေးသည့် ကုသဆောင်များ၊ ကိုဗစ်-၁၉ စောင့်ကြည့်လူနာ များထားရှိသည့် ကုသဆောင်များနှင့် ပြင်ပလူနာဌာနများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment