လောင်းလုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ကျေးရွာများသို့ကွင်းဆင်း၍ ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လောင်းလုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ကျေးရွာများသို့ကွင်းဆင်း၍ ဆက်လက်ထိုးနှံပေး




လောင်းလုံး၊ ဒီဇင်ဘာ  ၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ဇလွတ်ကျေးရွာနှင့် သပြေရှောင် ကျေးရွာအတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်နိုင်ရန်နှင့် ရောဂါ ကွင်းဆက် ပြတ်တောက်နိုင်စေရန်အတွက်ရည်ရွယ်၍ အသက်(၁၈) နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးကို ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးလာရောက်ထိုးနှံသူ အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား ကျန်းမာရေးဝန်ထမ်းများနှင့်လူမှုကူညီရေးအဖွဲ့များက အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန်ပေး ခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ပေးပြီး ကျန်းမာရေအခြေအနေအပေါ်မူတည်၍ ကာကွယ်ဆေး များ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို လောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ဦး အောင်ကျော်ဦး၏ ကြီးကြပ်မှုဖြင့် ထားဝယ်မြို့ တပ်မတော် ဆေးရုံမှ ဆေးဗိုလ်ကြီး ထက်နေလင်းနှင့် ဆေးတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာရပ်မိရပ်ဖများ၊ လူငယ်များ၊ လူမှုကူညီရေးအဖွဲ့နှင့် လူမှုပရဟိတ အဖွဲ့တို့က ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်း - သိန်းသိန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)