သရက်ချောင်းမြို့နယ်တွင် မွေးကင်းစမှအသက်တစ်နှစ်အထိ ကလေးသူငယ်နှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်ချောင်းမြို့နယ်တွင် မွေးကင်းစမှအသက်တစ်နှစ်အထိ ကလေးသူငယ်နှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး




သရက်ချောင်း၊ ဒီဇင်ဘာ  ၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် မြို့နယ်အတွင်းရှိ မွေးကင်း စမှ တစ်နှစ်ခွဲအထိအရွယ် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့ မွန်းလွဲ (၁)နာရီအချိန်ကစ၍ မြို့နယ်ပြည်သူ့ကျန်းမာရေဦးစီးဌာနတွင် ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို သူနာပြု ဆရာမကြီး ဒေါ်သဉ္ဇာသိန်းဝင်းဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ ကလေးသူငယ်များအား ပေါင်ချိန်ခြင်း၊ ကိုယ်ပူချိန်တိုင်းပေးခြင်း၊ မွေးကင်းစမှ အသက်တစ်နှစ် အထိ ကလေးသူငယ်များကို ဆိုဆို့၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ)၊ ဦးနှောက်အမှေးရောင်ရောဂါ စသည့် ငါးမျိုးစပ်ကာကွယ်ဆေးများကို သတ်မှတ်အကြိမ် အတိုင်း ထိုးနှံပေးခြင်း၊ ပိလီယိုအစက်ချ ဆေးတိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် မေးခိုင်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

သတင်း - အေးနွယ်ဝင်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)