ခင်ဦး ၊ ဒီဇင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြို အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စားပွဲတင် တင်းနစ်ပြိုင်ပွဲများကို ဒီဇင်ဘာလ ၂၈ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးဝန်းအတွင်းတွင် ကျင်းပပြုလုပ်လျက် ရှိသည်။
ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အသင်း (၈) သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး စားပွဲတင် တင်းနစ်ပြိုင်ပွဲတွင် (၁၀) ဦး ယှဉ်ပြိုင် ကစားကြကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် အဖွဲ့ဝင်တို့က လာရောက်ကြည့်ရှု့ အားပေးခဲ့ကြောင်း သိရသည်။
သတင်း - စိုးဝေအောင်(ခင်ဦး)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment