ဝမ်းတွင်းမြို့နယ် အောင်သာကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝမ်းတွင်းမြို့နယ် အောင်သာကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေပေးအပ်ပွဲကျင်းပ



မိတ္ထီလာ၊ ဒီဇင်ဘာ  ၂၈

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ခံတောအုပ်စု အောင်သာကျေးရွာ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 မြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေ ပေးအပ်ပွဲတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးက မြစိမ်းရောင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေစီမံကိန်း ကျေးရွာအား ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ပထမ (၆) လတွင် မြို့နယ်အတွင်း၌ တစ်ယူနစ်သာ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထောက်ပံ့ငွေမှာ တစ်ယူနစ်လျှင် ငွေကျပ် သိန်း (၃၀၀)ခွင့်ပြုထောက်ပံ့မည်ဖြစ်ကြောင်း၊ အဆိုပါ မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေကို ကျေးရွာသူ ကျေးရွာသားများမှ ချေးငွေရယူပြီး ကျေးရွာမှ တစ်နိုင်တစ်ပိုင် မွေးမြူရေး၊ စိုက်ပျိုးရေး၊ အရောင်းအဝယ်၊ ကုန်ထုတ်လုပ်ငန်း၊ ရေလုပ်ငန်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်သည့် အပြင် နိုင်ငံတော်မှချမှတ်ထားသည့် ကျေးလက်ဒေသ ဆင်းရဲမှုလျှော့ချရေးနှင့် မိသားစုဝင်ငွေတိုး လုပ်ငန်းများ ဆောင်ရွက်လာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ခံစားရရှိမှာဖြစ်ပါကြောင်း ရှင်း လင်းပြောကြားခဲ့ပြီး မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကြီးကြပ်ပြီး မြစိမ်းရောင်ကျေးရွာ ကော်မတီမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၃၀၀)ကို ကျေးရွာမှ စိုက်ပျိုး လုပ်ငန်း လုပ်ကိုင်သူ(၅၂)ဦးနှင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၂၉ ဦးတို့အား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

သတင်း - သိန်းမြင့်ကျော်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)