တွံတေးမြို့၌ မြေယာလျော်ကြေးနှင့် သီးနှံလျော်ကြေးငွေပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တွံတေးမြို့၌ မြေယာလျော်ကြေးနှင့် သီးနှံလျော်ကြေးငွေပေးအပ်ပွဲကျင်းပ


တွံတေး၊ ဒီဇင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် မအူပင်-တွံတေးလမ်းပေါ်ရှိ အသစ်တည်ဆောက် နေသော ဇီးဖြူကုန်းတံတားနှင့် တကလှဲ့တံတားများ တည်ဆောက်ရာတွင် မလွတ်ကင်း၍ ပါဝင် သွားသော မြေယာလျော်ကြေးနှင့် သီးနှံလျော်ကြေးငွေပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌  တောင်သူများအားပေးအပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်က မြေယာလျော်ကြေးနှင့်သီးနှံ လျော်ကြေး များအား တောင်သူများကို လျော်ကြေးငွေများနှင့် ပတ်သတ်၍ ရှင်းလင်းပြီး တွံတေးမြို့နယ် မအူပင်- တွံတေးကားလမ်းပေါ်ရှိ အသစ်တည်ဆောက်နေသော ဇီးဖြူကုန်း တံတားနှင့် တကလှဲ့တံတားများ တည်ဆောက်ရာတွင် မလွတ်ကင်း၍ ပါဝင်သွားသော တောင်သူ (၁၂) ဦး ပိုင်မြေဧက (၂.၈၀) အတွက် လျော်ကြေးငွေကျပ်သန်း (၇၀) ကို ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်အတွင်းက ပေးချေခဲ့ပြီးကျန်ရှိနေသော မြေပေါ်ရှိ တောင်သူ(၆)ဦး၏ သီးနှံ လျော်ကြေးငွေစုစုပေါင်း (၄.၈၁၀) သန်းနှင့် လှိုင်သာယာ- တွံတေး ကားလမ်းဖောက်လုပ်ရာတွင် ပါဝင်သွားသော မြေယာများအတွက် စိစစ်ပြီးဖြစ်သော မြေယာ (၅.၀၀) ဧကအတွက် ကျသင့်ငွေ ကျပ်သန်း ( ၅၀.၀၀) ကိုလည်းအနေဖြင့် ပေးချေနိူင်ခဲ့ကြောင်း သိရသည်။

အဆိုပါပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ လမ်းဦးဌာနမှတာဝန်ရှိသူများ မြေယာ လျော်ကြေးနှင့် သီးနှံလျော်ကြေးရရှိသော ကျေးရွာများမှ တောင်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - တွံတေးသား

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)