ပြုံးယမ်း ၊ ဒီဇင်ဘာ ၂၈
မြောက်ကိုရီးယားနိုင်ငံ(DPRK)၏ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်က ပါတီမျက်နှာစုံညီအစည်းအဝေးတစ်ရပ်အား ဒီဇင်ဘာ ၂၇ ရက်တွင် စတင်ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဒီဇင်ဘာ ၂၈ ရက်တွင် ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံ အလုပ်သမားပါတီ ၈ ကြိမ်မြောက် ဗဟိုကော်မတီ၏ စတုတ္ထအကြိမ် မျက်နှာစုံညီအစည်းအဝေး၌ ၂၀၂၁ ခုနှစ်တွင် ပါတီနှင့်နိုင်ငံ၏ အဓိကမူဝါဒများ အကောင်အထည်ဖော်မှုကို ပြန်လည်သုံးသပ်သွားမည် ဖြစ်ပြီး ၂၀၂၂ ခုနှစ်အတွက် မဟာဗျူဟာ နှင့် နည်းဗျူဟာဆိုင်ရာ မူဝါဒများအား ဆွေးနွေးဆုံးဖြတ်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
အစည်းအဝေးကို ကင်ဂျုံအန်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးအစီအစဉ်အကြောင်းအရာများအား အတည်ပြုခဲ့ကာ ယင်းတို့အား ဆွေးနွေးခဲ့ကြောင်း KCNA က ဖော်ပြခဲ့သည်။အသေးစိတ်အချက်အလက်များ ဖော်ပြထားခြင်း မရှိကြောင်း သိရသည်။
ပုံစာ - မြောက်ကိုရီးယားနိုင်ငံ(DPRK)၏ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန် မိန့်ခွန်း ပြောကြားနေသည်ကို တွေ့ရစဉ်(ဓာတ်ပုံ-KCNA)
Ref - (ဆင်ဟွာ)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment