အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးစုရပ်(၂)နေရာခွဲ၍ ဆက်လက်ထိုးနှံပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးစုရပ်(၂)နေရာခွဲ၍ ဆက်လက်ထိုးနှံပေးလျက်ရှိ

ဖျာပုံ၊ ဒီဇင်ဘာ  ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင်ပြည်သူများအား ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးစုရပ်(၂)နေရာခွဲ၍ဆက်လက်ထိုးနှံပေးခြင်းကိုဒီဇင်ဘာလ(၆)ရက်နေ့ နံနက်(၉)နာရီအချိန်က ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမနှင့်ပြည်သူ့အားကစားခန်းမတွင် ဆေးထိုးစုရပ်ထားရှိကာ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကိုဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီကာကွယ်ဆေးလာရောက်ထိုးနှံသူများကို ကိုယ်အပူချိန်တိုင်းတာခြင်း၊သွေးပေါင်ချိန်ခြင်း၊တစ်ဦးနှင့်တစ်ဦး(၆)ပေစီခြား၍စနစ်တကျနေရာချထားပြီး၊ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ၊ဖျာပုံမြို့သီရိအဏ္ဏဝါခန်းမနှင့်ပြည်သူ့အားကစားခန်းမတို့တွင်ဆေးထိုးစုရပ်(၂)ခုထားရှိပြီး၊ဆေးထိုးစုရပ်တစ်ခုလျင်လူဦးရေ(၂၀၀)ဦးနှုန်းဖြင့်ဖျာပုံမြို့နယ်အတွင်းရပ်ကွက်/ကျေးရွာများရှိပြည်သူများအားပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဆက်လက်ံထိုးနှံပေးခြင်းကိုဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

သတင်း - အောင်ဝင်းနိုင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)