ကျိုက်ထိုမြို့နယ် ဆံတော်ရှင် ကျိုက်ထီးရိုး စေတီ ဈေးဆိုင်ခန်းများ မီးဘေးလုံခြုံရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုက်ထိုမြို့နယ် ဆံတော်ရှင် ကျိုက်ထီးရိုး စေတီ ဈေးဆိုင်ခန်းများ မီးဘေးလုံခြုံရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်





ကျိုက်ထို၊ ဒီဇင်ဘာ ၅

ကျိုက်ထိုမြို့နယ် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ရှိ ဈေးဆိုင်ခန်းများ  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန်နှင့် မီးလောင်မှုဖြစ်ပွားပါက မီးလောင်မှုကြီးအဆင့်သို့မရောက်ရှိစေရေးအတွက်   ယနေ့ နံနက် ၉  နာရီက မွန်ပြည်နယ် သထုံခရိုင်၊ကျိုက်ထို မြို့နယ် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီ ဈေးဆိုင်ခန်းများရှေ့ တွင်မီးငြိမ်းသတ်နည်းသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခဲ့ ကြသည်။

ရှေးဦးစွာ ဈေးဆိုင်များတွင် မီးသတ်ဆေးဗူးများထားရှိရေး၊ ဆေးဗူးများကိုစနစ်တကျအသုံးပြုတတ်စေရေး၊ပေါက်ပြဲနေသောဝါယာကြိုးများအသုံးမပြုကြရန် စသည်ဖြင့်   မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍  စနစ်တကျကြိုတင်ဆောင်ရွက်ထားရန်တို့ကိုပညာပေးဟောပြာပြီး   မီးသတ်ဆေးဗူးဖြင့်  မီးငြိမ်းသတ်နည်း၊  မီးလောင်မှုဖြစ်ပွားပါက အသင့်တပ်ဆင်ထားသော မီးသတ်အင်ဂျင်/ပန့်များဖြင့်  မီးငြိမ်းသတ်ပုံတို့ကို ကျိုက်ထီးရိုးရင်ပြင်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များကသရုပ်ပြဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မီးငြိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းအား ကျိုက်ထိုမြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲညွန့် ထွေး နှင့် တပ်ဖွဲ့ဝင်များ၊ရင်ပြင်တော်မီးသတ်စခန်းတာဝန်ခံဦးအောင်ငြိမ်းနဲ့တပ်ဖွဲ့ဝင်များ၊ရင်ပြင်တော်နယ်မြေစခန်းတာဝန်ခံ ရဲအုပ်ထွန်းအေးနှင့်တပ်ဖွဲ့ဝင်များ၊ကျိုက်ထီးရိုးဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ အဖွဲ့ဝင် ဦးဝင်းတင်နှင့်ဝန်ထမ်းများ၊ကျိုက်ထီးရိုးဈေးဆိုင်တန်းကော်မတီဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


သန်းသန်းမော်(ကျိုက်ထို)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)