တန့်ယန်းမြို့မှ ပန်ဆန်းမြို့သို့ သယ်ဆောင်လာသည့် ဘိန်းစိမ်းနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

တန့်ယန်းမြို့မှ ပန်ဆန်းမြို့သို့ သယ်ဆောင်လာသည့် ဘိန်းစိမ်းနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ


တန့်ယန်း၊ ဒီဇင်ဘာ ၁၉

ရှမ်းပြည်နယ် ( မြောက်ပိုင်း )၊ တန့်ယန်းမြို့မှ ပန်ဆန်းမြို့သို့ သယ်ဆောင်လာသည့် ဘိန်းစိမ်းနှင့် စိတ်ကြွရူးသွပ်ဆေးပြားများအား ဒီဇင်ဘာ ၁၈ရက်တွင် ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၈ ရက် မွန်းလွဲ ၁၂နာရီ၃၀မိနစ်အချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တန့်ယန်းမြို့နယ်၊ တန့်ယန်း-ပန်ဆန်းသွားကားလမ်း တာကော်အက်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် တန့်ယန်းမြို့ဘက်မှ ပန်ဆန်းမြို့ဘက်သို့ မနန်းလိတ် မောင်းနှင်လာ သည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားရှိ စက္ကူဘူးခွံအတွင်းမှ ဘိန်းစိမ်း အလေးချိန် ၁၀ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈၀ သိန်း)နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅၀ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ထို့ကြောင့် မနန်းလိတ်(၂၀) နှစ် အား တန့်ယန်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်နေကြောင်း သတင်းထုတ်ပြန်ထားသည်။

သတင်း - သီဟ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)