ဘန်ကောက်၊ ဒီဇင်ဘာ ၁၉
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဘန်မိုဂရက်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည့် သုတဗုဒ္ဓ တိပိဋက စစ်ကိုင်းဆရာတော် ကျန်းမာရေးအတွက် ဓမ္မကာယကျောင်းတိုက်ကြီးမှ ဆရာတော်များက ဦးဆောင်၍ ဒီဇင်ဘာ ၂၁ရက် (အင်္ဂါနေ့) မြန်မာစံတော်ချိန် ည (၆ ၀၀)နာရီတွင် ကမ္ဘာတလွှားမှ သံဃာတော်များ၊ လူပုဂ္ဂိုလ်များ ပါဝင်နိုင်မည့် စုပေါင်းပရိတ်ရွတ် သစ္စာပြု မေတ္တာပို့ဆုတောင်းပွဲ အခမ်းအနားကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သစ္စာပြု မေတ္တာပို့ဆုတောင်းပွဲကို Zoom metting ဖြင့် မြန်မာစံတော်ချိန် ( ၆ ၁၀)မိနစ်တွင် စတင်ဝင်ရောက်၍ ( ၆ ၃၀) အချိန်တွင် ရတနာသုံးပါးအား ရှိခိုးကန်တော့ခြင်း၊ ဆီမီးထွန်းညှိပူဇော်ခြင်း၊ ကမ္ဘာတလွှားမှ Zoom oninle တက်ရောက်လာကြသော ရဟန်းသံဃာတော်များနှင့် လူပုဂ္ဂိုလ်များ စုပေါင်း၍ ပရိတ်၊ ဓမ္မစကြာ ရွတ်ဖတ်ပူဇော်ခြင်း၊ တရားထိုင်ခြင်း၊ အဓိဋ္ဌာန်ပြုဆုတောင်းခြင်း၊ မေတ္တာပို့သခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာ ၂၂ ရက်နေ့တွင်လည်း မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အလားတူ ပရိတ်ရွတ် သစ္စာပြု မေတ္တာပို့ ဆုတောင်းပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မည်သူမဆို ပါဝင်နိုင်ရန် Zoom ID - 851 5505 2487 , Passcode - 072 ပေးထားပြီး ပူးပေါင်းပါဝင် ပရိတ်ရွတ် မေတ္တာပို့နိုင်ရန် ဖိတ်ခေါ်ထားသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment