ရန်ကုန်၊ ဒီဇင်ဘာ ၁၉
“ဝ” ပြည်နယ် သာသနာရေးဝန်ကြီးဟောင်း၊ “ဝ” ပြည်နယ်သွေးစည်းညီညွတ်ရေးတပ်၏ ဒုစစ်ဦးစီးချုပ်(ငြိမ်း)နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ အမြဲတမ်း ဗဟိုကော်မတီဝင် ဦးဗိုလ်လိုင်ခမ်းသည် ဒီဇင်ဘာ ၁၇ရက် ည ၉နာရီ ၃၅မိနစ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း WSTV က ထုတ်ပြန်ကြေညာသည်။
ဦးဗိုလ်လိုင်ခမ်းသည် ကွယ်လွန်ချိန်တွင် အသက် ၈၉နှစ်ရှိပြီဖြစ်ပြီး “ဝ” ပြည်နယ်သွေးစည်းညီညွတ်ရေးတပ် တည်ထောင်စဉ်ကတည်း တက်ကြွစွာပါဝင်ခဲ့သလို ဒုတိယ စစ်ဦးစီးချုပ်တာဝန်အပြင် ဆောက်လုပ်ရေး ဌာနမှူး၊ သာသနာရေး ဌာနမှူး၊ နှင့် နိုင်ငံရေး အတိုင်ပင်ခံဌာန၏ ဥက္ကဌ စသည့် တာဝန်များကို ထမ်းဆောင်ခဲ့ကြောင်း သိရသည်။
ဦးဗိုလ်လိုင်ခမ်း ကွယ်လွန်မှုအပေါ် ကောင်းရာသုဂတိဘုံသို့ စံစားနိုင်ပါစေရန် ဆုမွန်ကောင်းတောင်းကြောင်း “ဝ” ပြည်နယ်လုံးဆိုင်ရာ သံဃာ့ရေးရာဌာနရုံးက ထုတ်ပြန်ထားသည်။
သီဟ
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment