ရဲအရာရှိနှင့် တပ်ဖွဲ့ဝင်များ ဝိုင်းဝန်းရိုက်နှက်ခံရသူကို ထွက်ဆိုချက်ပေးရန် ရဲစခန်းက ဖုန်းဆက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရဲအရာရှိနှင့် တပ်ဖွဲ့ဝင်များ ဝိုင်းဝန်းရိုက်နှက်ခံရသူကို ထွက်ဆိုချက်ပေးရန် ရဲစခန်းက ဖုန်းဆက်

 


ရန်ကုန်၊ ဒီဇင်ဘာ ၁၉

၁၇ - ၁၂ - ၂၀၂၁ ရက်နေ့က လှည်းကူးမှ ပြန်လာသော ကိုကျော်သိန်းခန့်ထံမှ ရဲတပ်ဖွဲ့ဝင်များက ပါလာသည့်ငွေကို သိမ်းဆည်းရယူထားသည့်အပေါ် တပ်မတော်လုံခြုံရေးတပ်ဖွဲ့ထံ သွားရောက် ပြောဆိုရာ ရဲအရာရှိနှင့် ရဲတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းရိုက်နှက်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနေရှင်နယ်ပို့စ်က သတင်းဖော်ပြခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ယနေ့ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ရဲစခန်းမှ ကိုကျော်သိန်းခန့်ထံ ဆက်သွယ်၍ လာရောက်ထွက်ဆိုချက်ပေးရန် ဖုန်းဆက်လာကြောင်း သိရသည်။

ကိုကျော်သိန်းခန့်က "ကျွန်တော့်ကို အရှေ့ဒဂုံရဲစခန်းက ဆိုပြီး ဖုန်းဆက်လာပါတယ်။ ကျွန်တော်တို့က PDF လည်း ကြောက်ရတယ်။ ရဲလည်း အပြည့်အဝ မယုံကြည်ရဲဘူးဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်ပါတယ်။ ဒီကာလမှာပဲ ကျွန်တော့် မိတ်ဆွေတစ်ဦးကို ရဲက အဲဒီလို အမှုဆင်ပြီး မင်းကို ဘယ်လိုလုပ်ပစ်လိုက်မယ်၊ ညာလို လုပ်ပစ်လိုက်မယ် လုပ်ခဲ့တဲ့ သာဓကလည်း ရှိပါတယ်။ ကျွန်တော် ခံခဲ့ရတာတော့ အမှန်ပဲ။ အခု အရိုက်ခံထားရတဲ့ ဒဏ်ရာက အောင့်နေတယ်။ အရိုးကျိုးသွားတယ်လို့ ထင်တယ်။ ဆေးရုံပြဖို့ဟာကို မပြနိုင်သေးဘူး။ ဖြစ်ခဲ့တာတော့ အမှန်ပဲ အကိုရယ်။ ဒါပေမယ့် သူတို့ တပ်ဖွဲ့ဝင်အချင်းချင်း အကာအကွယ်ပေးမယ်။ ကိုယ့်ကို ထပ်ပြီး အပြစ်ဖြစ်အောင် လုပ်မယ်ဆိုရင် ကိုယ်ဒုက္ခရောက်မှာ" ဟု ပြောသည်။

မြန်မာနေရှင်နယ်ပို့စ်အနေဖြင့် အလားတူဖြစ်ရပ်မျိုး မင်းဘူးမြို့နယ်တွင် ဖြစ်ခဲ့ပုံအား ကိုကျော်သိန်းခန့်အား ရှင်းလင်း ပြောပြပါသည်။ မင်းဘူးမြို့မှာ ဦးဟန်ထွန်နဲ့ သူ့ရဲ့ သူငယ်ချင်းကို CDM လှုံ့ဆော်တာလည်း မရှိဘဲနဲ့ ရဲက ဦးဟန်ထွန်း မရေးတဲ့စာကို သူတို့ကိုယ်တိုင် ရေးသားဖော်ပြပြီး CDM လှုံ့ဆော်သူပါလို့ အမှုဆင်တယ်။ ဦးဟန်ထွန်းကို ပုဂ္ဂိုလ်ရေးအညှိုးနဲ့ ရိုက်နက်နှိပ်စက်တယ်။ အဲဒါကို တင်ပြတိုင်ကြားတာတွေ လုပ်လိုက်လုပ် လွတ်လာပေမယ့် ဦးဟန်ထွန်း ဆေးရုံတက် ကုသတော့ နံရိုးလေးချောင်းကျိုးတယ်။ အဲဒီလို မင်းမဲ့စရိုက်ဆန်ဆန် လုပ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အမှုပြန်ဖွင့်တော့ ဖွင့်မပေးဘူး။ ရဲတပ်ဖွဲ့က အဲဒီလို သာဓကတွေတော့ ရှိကြောင်း၊ သွားရောက်မည်ဆိုလျှင်လည်း တိတိကျကျ မေးမြန်းပြီးမှ သွားရောက်သင့်ကြောင်း အကြံပြုပါသည်။

(ဒီဇင်ဘာ ၁၇ ရက်က ဖော်ပြခဲ့သော သတင်းအား ပူးတွဲဖော်ပြပါသည်။)

ရဲတပ်ဖွဲ့ဝင်များက ပါလာသည့် ပိုက်ဆံကို ယူထားလိုက်သဖြင့် တပ်မတော်သားများကို သွားရောက် တိုင်ကြားသူကို ရဲအရာရှိနှင့် တပ်ဖွဲ့ဝင်များက ဝိုင်းဝန်ရိုက်နှက်မှု ဖြစ်ပေါ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

ရန်ကုန်တိုင်း ဒေသကြီးအတွင်း NLD, PDF အစွန်းရောက် အကြမ်းဖက်သမားများက သတင်းပေး၊ ဒလန် စွပ်စွဲ၍ အစောဆုံး ၅၀၀၀ စားဟု နှဖူးတွင် တက်တူးအထိုးခံခဲ့ရသူ ကိုကျော်သိန်းခန့် လှည်းကူးမှ လှိုင်သာယာသို့ ပြန်လာစဉ် စိတ်ကျန်းမာရေးဆေးရုံအနီး သပြေခြံလမ်းဆုံ ရဲကင်းမှ ရဲအရာရှိနှင့် ရဲတပ်ဖွဲ့ဝင်များက ဝိုင်းဝန်း ရိုက်နှက်မှု ဖြစ်ပေါ်ခဲ့သည်။

ဖြစ်စဉ်တွင် ကိုကျော်သိန်းခန့်က လှည်းကူးဘက်မှ ပြန်လာရာ စစ်ဆေးရေးဂိတ်တွင် ဆင်းတွန်းရမည်ကို မတင်ဘဲ ကျော်လွန်၍ မောင်းနှင်လာမိကြောင်း၊ ရဲတပ်ဖွဲ့ဝင် ၂ဦး လိုက်လာပြီး ကိုကျော်သိန်းခန့် အိတ်ထဲတွင် ပါသည့် ပိုက်ဆံနှင့် ဆေးလိပ်ဗူးကို ရယူထားလိုက်ကြောင်း၊ ကိုကျော်သိန်းခန့်မှာ ပါလာသည့် ပိုက်ဆံအကုန်လုံးကို ရဲတပ်ဖွဲ့ဝင်များက ရယူထားလိုက်သဖြင့် တပ်မတော်သား လုံခြုံရေးတပ်ဖွဲ့ဝင်များထံ ထိုသို့ဖြစ်ပေါ်ခဲ့ကြောင်း၊ ဆီဖိုး မရှိတော့ကြောင်း ပြောပြရာ တပ်မတော်အရာရှိက ရဲတပ်ဖွဲ့ထံ ရဲဖြင့် ပြန်လည်စေလွှတ်ခဲ့ကြောင်း တာဝန်ကျ ရဲအရာရှိအား မိမိတို့ အနေဖြင့် နေထိုင်ရသည်မှာ မလုံခြုံကြောင်း နှဖူးတွင် NLD အကြမ်းဖက်သမားများက တက်တူးထိုးထားသည်ကို ပြသ၍ ရှင်းပြသော်လည်း အရာရှိက နားမထောင်ဘဲ စတင်ရိုက်နှက်ကြောင်း၊ ထို့နောက် ရဲတပ်ဖွဲ့ဝင် ၄ဦး ထပ်မံရောက်ရှိလာပြီး နံပါတ်တုတ်ဖြင့် ထပ်မံရိုက်နှက်ကြောင်း သိရသည်။

ထိုသို့ ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်နေသည်ကို တပ်မတော်လုံခြုံရေးတပ်ဖွဲ့ကလည်း ဝင်ရောက်တားမြစ်ခြင်း မရှိကြောင်း သိရသည်။ ရဲအရာရှိနှင့် ရဲတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်မှုကြောင့် ကိုကျော်သိန်းခန့်၏ မျက်နှာ၊ လက်ပြင်၊ လက်ဖျန်တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်

ရဲတပ်ဖွဲ့ဝင်များအနေဖြင့် NLD, PDF ကို ကြောက်ရွံ့နေရသော ပြည်သူများအပေါ် မင်းမဲ့စရိုက်ဆန်ဆန် ပြုမူစော်ကားခဲ့သည့် လုပ်ရပ်ဖြစ်သည်။ ဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်ခြင်း မရှိဘဲ၊ NLD, PDF အကြမ်းဖက်သမားများကဲ့သို့ပင် အပြစ်မဲ့ ပြည်သူများအပေါ် မင်းမဲ့စရိုက်ဆန်ဆန် လူမဆန်စွာ ရက်စက်ယုတ်မာသော ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ရပ်အပေါ် မြန်မာနေရှင်နယ်ပို့စ် အနေဖြင့် အပြင်းအထန် ကန့်ကွက်ရှုတ်ချက်သည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)