ပြည်၊ ဒီဇင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ အတွင်းရေးမှူးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ပြည်မြို့ Mingalar Garden Hotel ၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပသည့် ပဲခူးတိုင်း ဒေသကြီး ခရီးသွား လုပ်ငန်းမြှင့်တင်ရေးနှင့် သရေခေတ္တရာမြို့အပျော်တန်း စက်ဘီးစီး ပွဲတော် ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပဲခူးတိုင်း ဒေသကြီး တာဝန်ခံဦးဟောက်ကျင်မုန်နှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမ ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးနန္ဒအောင်တို့က ပွဲတော်ကျင်းပရေးအတွက် အဖွဲ့အစည်းများ ဖွဲ့စည်းထားရှိ မှုနှင့် လုပ်ငန်းတာဝန်များဆိုင်ရာ ကြိုတင် ဆောင်ရွက်ထားမှု အခြေအနေအား ရှင်းလင်းတင်ပြမှု များနှင့် တက်ရောက်လာသော သက်ဆိုင်ရာ ကဏ္ဍအလိုက်ဌာနဆိုင်ရာ တာဝန်ရှိသူအသီးသီး တို့၏ တင်ပြချက်များ အပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြား ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment