ဖားကန့်၊ ဒီဇင်ဘာ ၁၉
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာနှင့် ခွန်ဆာကုန်းကျေးရွာကြားရှိ ဥရုချောင်းကို ဖြတ်သန်းတည်ဆောက်ထားသည့် နှစ်ပေါင်း ၅၀ နှင့်အထက်သက်တန်းရှိနေပြီဖြစ်သော သံဘေလီတံတားဟောင်းပေါ်သို့ ဘိလပ်မြေတန်ချိန် ၃၅ တန်ခန့် တင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးသည် ဒီဇင်ဘာ ၁၈ ရက်၊ ည ၇ နာရီခွဲဝန်းကျင်အချိန်ခန့်တွင် ဖြတ်သန်းမောင်းနှင်ခဲ့ရာ ပေ ၁၀၀ ခန့်အရောက်၌ ၎င်းတံတားမှာ ထက်ပိုင်းကျိုးကျသွားကြောင်း သိရသည်။
အဆိုပါတံတားမှာ အိုမင်းနေပြီဖြစ်သဖြင့် သက်ဆိုင်ရာမှ ၁၃ တန်အထိသာခွင့်ပြုထားကြောင်းနှင့် တံတားကျိုးကျမှု ကြောင့် ယဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ ၂ ဦးမှာ ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်းသိရပြီး ၎င်းတို့ ၂ ဦးအား လမ်းတံတားဦးစီးဌာနမှ အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment