ဟင်္သာတမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး လျက်ရှိ



ဟင်္သာတ၊ ဒီဇင်ဘာ   ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှု လျော့နည်းစေရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ယနေ့နံနက် ၉ နာရီက ဟင်္သာတမြို့၊ တာကလေးရပ်ကွက် ဦးအောင်မြတ်ကျော် ဘုရားဝန်းပြည်လုံးချမ်းသာခန်းမနှင့် သတ်မှတ်ဆေးထိုးစုရပ်များတွင်  အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများကို ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

မြို့နယ်အတွင်း ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းကို အသက်(၁၈)နှစ်နှင့် အထက်နှင့် သက်ကြီးရွယ်အိုများ၊  ဌာနဆိုင်ရာဝန်ထမ်းများ၊ ဈေးသူဈေးသားများ၊ ဟိုတယ်တည်းခိုးခန်း ဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံဝန်ထမ်းများ၊ အလုပ်သမားအဖွဲ့များ၊ အကျဉ်းသားများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော  သတ်မှတ်ဦးတည်အုပ်စုများအလိုက်  နေ့စဉ်ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။        

ကာကွယ်ဆေး ထိုးနှံပေးခြင်းများဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှူးနှင့်အတူ၊  ကျန်းမာရေးဝန်ထမ်း များ၊လူမူရေးအသင်းအဖွဲ့ဝင်များက  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းများအတိုင်း စနစ်တကျရှိရေး ဆောင်ရွက်ပေးခြင်း၊  ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ လူမူရေးအဖွဲ့များကလည်း ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ကျန်းမာရေးဌာန ဝန်ထမ်းများနှင့်အတူ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန် ရေးကော်မတီထံမှ သိရသည်။

သတင်း - ကိုဇော်                     

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)