ရန်ကုန်၊ ဒီဇင်ဘာ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ မြို့ကြီးများတွင် ဖောက်ခွဲတိုက်ခိုက်မှုများလုပ်ဆောင်မည်ဟု PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက လူမှုကွန်ရက်တွင် ခြိမ်းခြောက်စာများ ဖြန့်ဝေနေကြောင်း သိရသည်။
အဆိုပါအကြမ်းဖက်လုပ်ငန်းများကို တောင်ကြီးမြို့၊ ရွာငံမြို့၊ ရွှေညောင်မြို့နှင့် အေးသာယာမြို့ရှိ PDFအမည်ခံအဖွဲ့များက ပူးပေါင်းလုပ်ဆောင်၍ ပျော်ပွဲရွှင်ပွဲများ၊ စားသောက်ဆိုင်များ၊ အစိုးရရုံးများနှင့် ဌာနဆိူင်ရာမော်တော်ယာဉ်များကို ပစ်မှတ်ထားတိုက်ခိုက်မည်ဖြစ်ကြောင်း ၎င်းတို့၏ ခြိမ်းခြောက်စာအရ သိရသည်။
ယနေ့ ဒီဇင်ဘာ ၂၉ရက် နံနက်ပိုင်းကလည်း ရန်ကုန်မြို့နှင့် လွိုင်ကော်မြို့ရှိ အစိုးရနှင့် ဌာနဆိုင်ရာရုံးများအား PDF အမည်ခံအကြမ်းဖက်အဖွဲ့များက ဖောက်ခွဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာမှုရှိခဲ့သည်။
သတင်း - သီဟ
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment