ဒေးဒရဲမြို့နယ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က မြတ်စေတနာဘိုးဘွားရိပ်သာသို့ အာဟာရဒါနနှင့် ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေးဒရဲမြို့နယ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က မြတ်စေတနာဘိုးဘွားရိပ်သာသို့ အာဟာရဒါနနှင့် ထောက်ပံ့ငွေများပေးအပ်



ဒေးဒရဲ၊ ဒီဇင်ဘာ   ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က အမှတ်(၁) ရပ်ကွက်ရှိ မြတ်စေတနာဘိုးဘွားရိပ်သာသို့ ယမန်နေ့ နေ့လယ်ပိုင်းက အာဟာရဒါနနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ဘိုးဘွားများ စားသောက်နေထိုင်ရေး အခက်အခဲမရှိစေရန် ရည်ရွယ်၍ ဒေးဒရဲမြို့နယ် အမှတ်(၁)ရပ်ကွက်၊ မြတ်စေတနာဘိုးဘွား ရိပ်သာရှိ အဘိုး(၁)ဦး၊ အဘွား(၈)ဦး စုစုပေါင်းဘိုးဘွား(၉)ဦးအတွက် တစ်ရက်စာ အာဟာရဒါနနှင့် ထောက်ပံ့ငွေ (၂၅၀၀၀)ကျပ်ကို ဒေးဒရဲမြို့ မြို့နယ်စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များက မြတ်စေတနာဘိုးဘွားရိပ်သာရှိ  တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်း - အေဇာလင်း(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)