ကျောက်တံခါးမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ရှိသူများအား (ပထမ)အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တံခါးမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ရှိသူများအား (ပထမ)အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး


ကျောက်တံခါး၊ ဒီဇင်ဘာ   ၇

ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းကျေးရွာအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံရန် ကျန်ရှိသည့် အသက်(၁၈)နှစ်အထက် ရှိသူများအား ယနေ့နံနက်ပိုင်းက မြို့ချောင်းဓမ္မာရုံတွင်  ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသည့် မသန်စွမ်းသူများ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများ အပါအဝင် သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ကာကွယ် ဆေးထိုးနှံရန် ကျန်ရှိသူများအား ပထမအကြိမ်ထိုးနှံခြင်းကို ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ မြို့ချောင်းဒေသ အုပ်ချုပ်ရေးအဖွဲ့ဝင်များက ပူးပေါင်းပါဝင်  ဆောင်ရွက်ပေးခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းအား ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးပြီး မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များက ဆေးထိုးခြင်းမပြုမီ  လက်သန့် ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း တို့ကို ဆောင်ရွက်ပေးသည်။ ဆေးမထိုးရအုပ်စု မှန်/မမှန် စိစစ်ခြင်းနှင့် ကာကွယ်ဆေးထိုးပြီးလျှင် ဆေးနှင့်ဓာတ်မတည့်ခြင်းနှင့် ဘေးထွက်ဆိုးကျိုး လက္ခဏာများ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ချက်ချင်းအရေးပေါ် တုံ့ပြန်နိုင်ရန်အတွက် ကျန်းမာရေးဝန်ထမ်းများက ပြောကြားခဲ့ပြီး ဆေးထိုးပြီး သူများအား မိနစ်(၂၀)ကြာ စောင့်ကြပ် ကြည့်ရှုပေးခဲ့ကြောင်း သိရသည်။

သတင်း - စန်းစန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)