ကိုဗစ်-၁၉ကာလအတွင်း သီလရှင်စာသင်တိုက်များ ဆွမ်း၊ ဆန်တော်၊ ဆီ၊ ဆား အမယ်(၄)မျိုးနှင့် သီးနှံမျိုးစုံ ဆက်ကပ်လှူဒါန်းပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကိုဗစ်-၁၉ကာလအတွင်း သီလရှင်စာသင်တိုက်များ ဆွမ်း၊ ဆန်တော်၊ ဆီ၊ ဆား အမယ်(၄)မျိုးနှင့် သီးနှံမျိုးစုံ ဆက်ကပ်လှူဒါန်းပေး


မော်လမြိုင်၊ ဒီဇင်ဘာ   ၇

မွန်ပြည်နယ်  မိခင်နှင့်ကလေး   စောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များနှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များသည် ပရိယတ္တိသာသနာ့တာဝန်ကို တစ်ဘက်တစ်လမ်းမှ ထမ်းဆောင်နေသည့် သာသနာ့နွယ်ဝင် သီလရှင်များ ကိုဗစ်-၁၉ကာလအတွင်း    ဆွမ်းဝေယျာဝစ္စ    အဆင်ပြေစေရန် ရည်ရွယ်၍  ယနေ့နံနက် ၉ နာရီက   မော်လမြိုင် မြို့နယ်အတွင်းရှိ   သာသနာ့မဏ္ဏိုင်နှင့်  ခေမာသီရိ ပရိယတ္တိစာသင်တိုက်များသို့ ဆွမ်းဆန်တော် အစရှိသည့်     လှူဖွယ်ပစ္စည်းများကို      မွန်ပြည်နယ် ဝန်ကြီးချုပ်၏ဇနီး  ဒေါ်စန်းစန်းလွင်နှင့်    ပြည်နယ်၊   ခရိုင်၊   မြို့နယ်မိခင်နှင့်  ကလေးစောင့်ရှောက်နှင့် ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ ပူးပေါင်း၍ သွားရောက် ဆက်ကပ်လှူဒါန်းပေးသည်။

လှူဒါန်းပေးရာတွင် သာသနာ့မဏ္ဏိုင် ပရိယတ္တိစာသင်တိုက်ရှိ သီလရှင်ဆရာလေး(၇၃)ပါး တို့အတွက် ဆန်(၂)အိတ်၊ ဆီ(၁)ပုံး၊ ကြက်သွန်နီ(၁)အိတ်၊ အာလူး(၁)အိတ်၊ ကြက်ဥ(၁)ကဒ်၊ ခေါက်ဆွဲခြောက်(၁)ဖာနှင့် အသီးအနှံမျိုးစုံ ဆက်ကပ်လှူဒါန်းပေးပြီး အလားတူ ခေမာသီရိပရိယတ္တိ စာသင်တိုက်တွင်လည်း သီလရှင် ဆရာလေး (၃၅)ပါးတို့အတွက်   ဆွမ်းအခက်ခဲ မရှိစေရေး လှူဖွယ်ပစ္စည်းများအစရှိသော သီးနှံမျိုးစုံ  ဆက်ကပ် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

သတင်း - ဇာဖြူဝင်း(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)