မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာမြေများ လျော့နည်းမှု မရှိစေရေး ညှိနှိုင်းဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာမြေများ လျော့နည်းမှု မရှိစေရေး ညှိနှိုင်းဆွေးနွေး

 


မော်လမြိုင်၊ ဒီဇင်ဘာ   ၇

မွန်ပြည်နယ်   လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ   အစည်းအဝေး      အမှတ်စဉ် (၃/ ၂၀၂၁) ကို  ယနေ့ နံနက် ၁၀နာရီက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌  ကျင်းပခဲ့ရာ  မွန်ပြည်နယ်  လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ် ဝန်ကြီးများ၊  လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီဝင်များ  တက်ရောက်ကြသည်။

အစည်းအဝေးတွင်  ပြည်နယ်ဝန်ကြီးချုပ်က လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီများအနေဖြင့်  တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ စနစ်တကျ   လုပ်ကိုင် ဆောင်ရွက်ကြ စေလိုကြောင်း၊   ကျေးရွာပိုင်မြေနေရာများ၌   ကျူးကျော်နေထိုင်မှုများအား ဥပဒေနှင့်အညီ တားဆီးအရေးယူဆောင်ရွက်ရန်၊ အောက်ခြေအထိကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များကို ဆောင်ရွက်ပေးကြရန်၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာမြေများ လျော့နည်းမှုမရှိစေရေး၊ အခြားနည်းလမ်းအသုံးပြုမှု လျှောက်ထားခြင်းများနှင့် ပတ်သက်၍   အထူးစိစစ်ကြပ်မတ်ရန်၊ လယ်ယာမြေ စီမံခန့်ခွဲရေး လုပ်ငန်းများတွင် လယ်ယာမြေဥပဒေ၊ နည်းဥပဒေပါ ပြဌာန်းချက်များနှင့်အညီ  တိကျစွာ လိုက်နာဆောင်ရွက်ပြီး ကျေးရွာ၊ မြို့နယ်၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်မှ အလေးထားကြပ်မတ်ဆောင်ရွက်ရန်၊  ပြည်သူများ၏  လိုအပ်ချက်များကို   အထူးအလေးထား  ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။

ထို့နောက် မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့  အတွင်းရေးမှူး ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှူး ဦးမင်းသိန်းက သတ်မှတ်သည့် နည်းလမ်းအတိုင်း အသုံးပြုရန် လျှောက်ထားမှုများကို ရှင်းလင်းတင်ပြပြီး တက်ရောက်ကြသည့် အဖွဲ့ဝင်များက ဆွေးနွေးတင်ပြမှုအပေါ် လိုအပ်သည်များကို ပြည်နယ် ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက် ပေးသည်၊၊

အဆိုပါ အစည်းအဝေးတွင်   ဗဟိုလယ်ယာမြေ  စီမံခန့်ခွဲမှုအဖွဲ့မှ အကြောင်းကြားလာသည့် ကိစ္စရပ်များ၊ လယ်ယာမြေဥပဒေ ပုဒ်မ ၃၀ (က)၊ (ခ) အရလယ်ယာမြေကို သတ်မှတ်သည့် နည်းလမ်း အတိုင်းအသုံးပြုရန် လျှောက်ထားမှုများ၊ အပေါ်ကွင်းဆင်းစိစစ်ပြီး အမှုတွဲများ၊ လယ်ယာမြေဥပဒေပုဒ်မ၊ (၂၈)အရ နှစ်ရှည်သီးနှံ ပြောင်းလဲစိုက်ပျိုးရန် လျှောက်ထားမှုများ အပေါ် ဥပဒေနည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြစ်စေရေး ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

သတင်း - ဇာဖြူဝင်း(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)