ကလိန်အောင်မြို့တွင် အသက်(၁၂) နှစ်ပြည့်ပြီးသော ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉‌‌ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကလိန်အောင်မြို့တွင် အသက်(၁၂) နှစ်ပြည့်ပြီးသော ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉‌‌ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

 


ကလိန်အောင်၊ ဒီဇင်ဘာ   ၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် အသက် ၁၂ နှစ်ပြည့်ပြီးသော အလယ်တန်း အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား(ပထမ/ ဒုတိယအကြိမ်)အဖြစ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ယမန်နေ့ နံနက်(၉)နာရီ အချိန် တွင်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ရေဖြူမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက (ပထမ/ဒုတိယအကြိမ်) အဖြစ် ဆက်လက်ထိုးနှံပေး လျက်ရှိ ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကလိန်အောင်မြို့စုရပ်၌ ပထမအကြိမ်အဖြစ် အသက်(၁၂)နှစ်ပြည့်ပြီး ကျောင်းသား၊ ကျောင်းသူ  (၆)ဦးနှင့် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ(၅၃)ဦး၊ စုစုပေါင်း(၅၉)ဦး တို့အား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုး မှတ်တမ်းရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးကောင်းမွန်သူများအား ရေဖြူမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ကို စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို ကလိန်အောင်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များမှ တာဝန်ရှိသူများ၊ ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ဝင်များ၊ ကလိန်အောင်မြို့ မိသားစုစည်းရုံးရေးနှင့် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီအဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

သတင်း - မိုးမိုးခိုင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)