ပန်းတနော်မြို့နယ်တွင် မိုး/ ဆောင်း စိုက်ပျိုးရေးစရိတ်ချေးငွေကျန်ရှိတောင်သူများ ချေးငွေပြန်လည်ပေးဆပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတနော်မြို့နယ်တွင် မိုး/ ဆောင်း စိုက်ပျိုးရေးစရိတ်ချေးငွေကျန်ရှိတောင်သူများ ချေးငွေပြန်လည်ပေးဆပ်


ပန်းတနော်၊ ဒီဇင်ဘာ   ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ၂၀၁၃ မှ ၂၀၂၀ အထိ မိုး/ ဆောင်း စိုက်ပျိုးရေးစရိတ်ချေးငွေများ ပေးဆပ်ရန် ကျန်ရှိသည့် တောင်သူများ ချေးငွေပြန်လည်ပေးဆပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပန်းတနော်မြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၌ ၂၀၁၃ မှ ၂၀၂၀ အထိ မိုး/ ဆောင်း စိုက်ပျိုးရေးစရိတ်ချေးငွေများ ပေးဆပ်ရန် ကျန်ရှိသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဘဏ်အတွင်းရေးမှူး စုစုပေါင်း( ၄၂)ဦးမှ စိုက်ပျိုးရေးစရိတ်ချေးငွေကျပ်သိန်း (၃၅၀) အား ပြန်လည်ပေးဆပ်ခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)