မင်းဘူး၊ ဒီဇင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးတွင် တည်ဆောက်လျက်ရှိသော ဓါတ်လှေကားတာဝါဆောက်လုပ်နေမှု လုပ်ငန်းများအားလုံး ၈၅ ရာခိုင်နှုန်း ကျော် တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း ဓါတ်လှေကားဆောက်လုပ်ရေးကုမ္ပဏီ Project မန်နေဂျာ ဦးသန်းလွင်ထံမှ သိရသည်။
ဓါတ်လှေကားတာဝါ (Lift Tower နှင့် Walk Way Bridge) တည်ဆောက်ရေး Phase-1 အပိုင်း အနေဖြင့် “ယခုလက်ရှိ ဓာတ်လှေကာအပေါ်ပိုင်း အမိုးအတွက် ကွန်ရစ်လောင်းပြင်ဆင်နေကြောင်း၊ ဓာတ်လှေ ကား လျောက်လမ်း တတိယအပိုင်းအတွက် ကွန်ကရစ်လောင်းပြီးဖြစ်တာကြောင့် လျောက်လမ်း တိုင်ထူပြီး အမိုး မိုးရန်ပြင်ဆင်နေကြောင်း၊ ဓာတ်လှေကား နောက်ဆုံးအပိုင်းအနေဖြင့် လျောက်လမ်း ကြမ်းခင်းအတွက် တာရာစိုခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေကြောင်း၊ ယနေ့အထိ ၈၅ ရာခိုင်နှုန်း ကျော်ပြီးစီးနေပြီး ၂၀၂၂ ခုနှစ် (၁)လပိုင်း အကုန်တွင် အပြီးတည်ဆောက် သွားမှာဖြစ်ပါတယ်” ဟု Kyaw Thar Engineering Construction Group ကုမ္ပဏီမှ Project မန်နေဂျာ ဦးသန်းလွင်က ပြောသည်။
မန်းရွှေစက်တော်ဘုရား ဓါတ်လှေကားတာဝါကို Phase-1 အဖြစ် နှစ်ကျိပ်ရှစ်ဆူစေတီတော်အနီးမှ ကိုးခန်းကြီးဘုရားအထိ (အလျား ပေ ၂၁၀ x အမြင့် ၁၁၉ ပေ x အကျယ် ၁၂ ပေ)ရှိပြီး ဘုရားကြီး ဘဏ္ဍာငွေမှ ခွင့်ပြုငွေကျပ်သိန်းပေါင်း (၁၆၀၀၀)ခန့်ဖြင့် တည်ဆောက်နေကြောင်း၊ ဓာတ်လှေကား အဆောက်အဦတည်ဆောက်ပြီးစီးပါက Phase-2 အဖြစ် AGT ကုမ္ပဏီက စပိန်နိုင်ငံထုတ် Orona ဓာတ်လှေကားအမျိုးအစား Lift Tower နှစ်စင်းကို ခွင့်ပြုငွေကျပ်သိန်းပေါင်း (၂၃၀၀)ခန့်ဖြင့် အတက်နှင့် အဆင်းဟူ၍ တပ်ဆင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဓာတ်လှေကားတစ်စင်းကို လူ(၂၀)နှုန်းဖြင့် စုစုပေါင်း လူ(၄၀) လိုက်ပါစီးနင်း နိုင်မည်ဖြစ်ကြောင်း၊ ဓာတ်လှေကားပြီးစီးသွားပါက သက်ကြီးဘိုးဘွားများ၊ ကလေးသူငယ်များနှင့် မသန်စွမ်းသူများအပြင် ဘုရားဖူမိဘပြည်သူများအနေဖြင့် အလွယ်တကူ တက်ရောက်ဖူးဖြော်နိုင်မည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။
သတင်း - မောင်မောင
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment