ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပြည်မြို့နယ် သစ်ချိုပင်အုပ်စု၌ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်း လျက်ရှိသော မိုးနှောင်းချည်မျှင်ရှည် ဝါကောက်သိမ်းပွဲသို့ ကွင်းဆင်းကြည့်ရှု အားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပြည်မြို့နယ် သစ်ချိုပင်အုပ်စု၌ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်း လျက်ရှိသော မိုးနှောင်းချည်မျှင်ရှည် ဝါကောက်သိမ်းပွဲသို့ ကွင်းဆင်းကြည့်ရှု အားပေး


ပြည်၊ ဒီဇင်ဘာ   ၁၉

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ပြည်မြို့နယ် သစ်ချိုပင်အုပ်စု၌ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းလျက်ရှိသော တောင်သူများ၏ မိုးနှောင်း ချည်မျှင်ရှည် ဝါကောက်သိမ်းပွဲသို့ ကွင်းဆင်းကြည့်ရှု အားပေးသည်။

ကွင်းဆင်းကြည့်ရှု အားပေးရာတွင် ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျေးရွာ ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍    မိုးနှောင်းချည်မျှင်ရှည် ဝါကောက်သိမ်းနေမှုအား စိုက်ခင်းအတွင်း လှည့်လည်ကြည့်ရှုပြီး တောင်သူများ၏ ယခုနှစ်မိုးနှောင်း ချည်မျှင်ရှည်ဝါ စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းမှုအား မြင်တွေ့ရသည့်အတွက် ဝမ်းမြောက်ကြောင်းနှင့် ဆက်လက်၍ ပိုမိုအောင်မြင်ဖြစ်ထွန်းစေလိုကြောင်း အားပေးစကား ပြောကြားသည်။

ထို့နောက် ဝါစိုက်ပျိုးမှုနှင့်ပတ်သက်၍ တောင်သူများ၏ လိုအပ်သည့်တင်ပြချက်များနှင့် ကျေးရွာ ပြည်သူများ၏ အခြားတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖြည့်ဆည်း ဆောင်ရွက်ပေးမည့် အခြေအနေများအား ကျေးရွာပြည်သူ တောင်သူများနှင့် တာဝန်ရှိသူများ အား ဆွေးနွေးလမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

ပြည်မြို့နယ်တွင် ယခုနှစ် ဝါစိုက်ဧကစုစုပေါင်း ၂၀၇၃ ဧကရှိပြီး ယနေ့သစ်ချိုပင်အုပ်စု၌ ကျင်းပသည့် ဝါကောက်သိမ်းပွဲမှာ ဧက ၅၀၀ ကျော် တစ်ဆက်တစ်စပ်တည်းရှိကြောင်း၊ လက်ရှိတွင် ဝါဈေးနှုန်းကောင်းမွန်နေပြီး ချည်မျှင်ရှည်ဝါ တစ်ပိဿာဈေး ၁၄၀၀ ကျပ်နှုန်းရရှိနေကြောင်းနှင့် ဆက်လက်၍လည်း ပိုမိုဈေးကောင်းရရှိလာမှာဖြစ်ကြောင်း၊ ပြည်မြို့နယ်အတွင်း ချည်မျှင်ရှည် ဝါစိုက်ပျိုးရာတွင် စိုက်ဧက ၁၀၀ လျှင် မြေဩဇာအိတ် ၅၀ နှုန်းစီဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့က ဝါစိုက်တောင်သူများထံ အခမဲ့ထောက်ပံ့ ပေးကြောင်းနှင့် စိုက်ပျိုးရေး ဦးစီးဌာနမှ နည်းပညာနှင့် စံပြစိုက်ခင်းများအတွက် လိုအပ်သည့် သွင်းအားစုများ ကူညီဆောင်ရွက်ပေးကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးအောင်ဆန်းဝင်း ၏ ပြောကြားချက်အရ သိရသည်။

သတင်း - ကိုဆက်(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)