မတ္တရာမြို့နယ်၌ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်အား ဂုဏ်ပြုပူဇော်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မတ္တရာမြို့နယ်၌ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်အား ဂုဏ်ပြုပူဇော်ပွဲ ကျင်းပ


မတ္တရာ၊ ဒီဇင်ဘာ    ၁၈

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်မှ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ အောင်မြေသုခပရိယတ္တိစာသင်တိုက်မှ ပဓာနနာယကဆရာ တော် ဒေါက်တာဘဒ္ဒန္တ ခေမိဿရ၏ ဂုဏ်ပြုဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ် ခဲ့သည်

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး တေးသံ ရှင်မှ ထူးမခြားနားရောင်တော်ဖွင့် ဓမ္မသီချင်းဖြင့် ဘုရားရှင်အားပူဇော်ခဲ့ပြီး ရေထွက် ဆရာတော် ဘုရားကြီးမှ ပရိသတ်အပေါင်းအား ငါးပါးသီလချီးမြှင့်တော်မူခဲ့သည်။ ထို့နောက် အောင်မြေတံခွန် ကျောင်း ဆရာတော်မှ အပူဇော်ခံဆရာတော် ဒေါက်တာဘဒ္ဒန္တ ခေမိဿရ၏ ထေရုပ္ပတ္တိကို ဖတ်ကြားပူဇော်ခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းမှ သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့ပြီး တေးသံရှင်မှ ရှစ်ဆယ်ပေါ် တေးထပ်ဖြင့် ရတုပိုဒ် စုံတို့ဖြင့် ပူဇော်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ဘွဲ့တံဆိပ်တော်၊ ထပ်ဆင့် ဂုဏ်ပြုလွှာနှင့် လှူဖွယ်ဝတ္တုတို့ကို ဆပ်ကပ်ခဲ့ကြသည်။ ထို့နောက် အပူဇော်ခံ ဆရာတော် ဒေါက်တာဘဒ္ဒန္တ ခေမိဿရမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယက သာသနာဇောတာရုံ ရွှေအုန်းပင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓါစာရဘိဝံသမှ ရေစက်ချ အနုမောဒနာတရားကိုချီးမြှင့်ခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓ သာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုတ်သိမ်းခဲ့သည်။

အဆိုပါ ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားသို့ ပင့်သံဃာ ဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  အလှူရှင်များနှင့် ဧည့်ပရိသတ်များနှင့် ပရဟိတအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း - စိုးကျော်သူထွေး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)