ဝါးခယ်မမြို့နယ်အတွင်းရှိ ဝဲကြီးကျေးရွာနှင့် အလယ်ချောင်ကျေးရွာ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားများသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက် ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဝါးခယ်မမြို့နယ်အတွင်းရှိ ဝဲကြီးကျေးရွာနှင့် အလယ်ချောင်ကျေးရွာ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားများသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက် ဖွင့်လှစ်


ဝါးခယ်မ၊ ဒီဇင်ဘာ   ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ဝဲကြီးကျေးရွာနှင့် အလယ်ချောင် ကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါ ကျေးရွာများ၌ ကျင်းပခဲ့ရာ ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် ဝန်ကြီးချုပ်နှင့်အတူ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးကြီးဇေယျနှင့် တိုင်း/ခရိုင်အဆင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ အဆိုပါကျေးရွာများရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ၊ တက်ရောက်ပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လျပ်စစ်ထရန်စဖော်မာအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မန်းကလဲ့ကျေးရွာအုပ်စု၊ အလယ်ချောင်းကျေးရွာရှိ လျှပ်စစ်ထရန်စဖော်မာအား ဖဲကြိုးဖြတ်ဖွင့်လှစ်၍ အမွှေးနံ့သာရည်များ ပက်ဖြန်း ပေးခဲ့ကြောင်း သိရသည်။

ဝဲကြီးကျေးရွာတွင် အိမ်ခြေ(၁၅၉)လုံးရှိရာ (11 KV)လိုင်း (၁.၈၆)မိုင်သွယ်တန်းပြီး (200 KVA) ထရန်စဖော် မာ(၁)လုံးနှင့် လျှပ်စစ်မီတာ(၈၆)လုံး တပ်ဆင်ထားပြီး အလယ်ချောင်း ကျေးရွာတွင် အိမ်ခြေ (၆၅)လုံးရှိရာ (11 KV)လိုင်း (ဝ.၆)မိုင်သွယ်တန်းပြီး (100 KVA) ထရန်စဖော်မာ(၁)လုံးနှင့် လျှပ်စစ်မီတာ (၃၀)လုံး တပ်ဆင်ထားကြောင်း သိရသည်။

သတင်း - စောသန္တာဦး(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)