ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး နိုင်ငံတော်ဩဝါဒါစရိယ ဘဒ္ဒန္တနန္ဒိယမဟာထေရ်မြတ်၏ အန္တိမအဂ္ဂိဈာပန သာဓုကီဋ္ဌနပူဇာသဘင်ရေစက်ချအခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး နိုင်ငံတော်ဩဝါဒါစရိယ ဘဒ္ဒန္တနန္ဒိယမဟာထေရ်မြတ်၏ အန္တိမအဂ္ဂိဈာပန သာဓုကီဋ္ဌနပူဇာသဘင်ရေစက်ချအခမ်းအနားသို့ တက်ရောက်






ဘားအံ၊ ဒီဇင်ဘာ   ၂၇

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က သက်တော်(၉၃)နှစ်၊ သိက္ခာတော်(၇၃)ဝါရှိ ဘားအံမြို့ အမှတ်(၆) ရပ်ကွက်၊ ဇမ္ဗူမြိုင်ကျောင်းတိုက် ဦးစီးပဓာနနာယက  နိုင်ငံတော်ဩဝါဒါစရိယဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တနန္ဒိယမဟာထေရ်မြတ်ကြီး၏ အန္တိမအဂ္ဂိဈာပန သာဓုကီဋ္ဌနပူဇာသဘင် ရေစက်ချအခမ်းအနားကို တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ ဆရာတော်ဘုရားကြီး၏ တပည့်ဒါယကာ၊ ဒါယိကာမများနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က  ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဓမ္မဝါသီ ကျောင်းဆရာတော် ဘဒ္ဒန္တဥတ္တရထံမှ(၈)ပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာ တော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များကို နာယူကြည်ညိုကြကာ ပြည်နယ်ဝန်ကြီး ချုပ်ဦးစောမြင့်ဦး၊ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်၊ လူမှုရေးရာဝန်ကြီးဦးစိုးလွင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် စေတနာရှင်အလှူရှင်များက ပြည်နယ် သံဃနာယကဥက္ကဋ္ဌဆရာတော်အမှူးပြုသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ဇမ္ဗူမြိုင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနန္ဒိယမဟာထေရ်မြတ်ကြီး၏ ထေရုပ္ပတ္တိ အကျဉ်းကို ဇမ္ဗူမြိုင်ကျောင်းတိုက်စာချဆရာတော် ဦးသူရိယ(ခ)မှ ဖတ်ကြားပြီး နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့၏ သံဝေဂ ဉာဏ်ပွားတော်မူကြောင်း သဝဏ်လွှာကို နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင် ခေမာရာမကျောင်းဆရာတော် ဘဒ္ဒန္တသောပါကမှ ဖတ်ကြားကာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံမှပေးပို့သော ဝမ်းနည်းကြောင်းသဝဏ်လွှာကို လူမှုရေးရာဝန်ကြီးဦးစိုးလွင်က ဖတ်ကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ဇမ္ဗူမြိုင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနန္ဒိယမဟာ ထေရ် မြတ်ကြီး၏ ဥတုဇရုပ်ကလပ်တော်အား ဖူးမြော်ကြည်ညိုခဲ့ကြသည်။

ဇမ္ဗူမြိုင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနန္ဒိယမဟာထေရ်မြတ်ကြီး၏ ဥတုဇရုပ်ကလပ်တော်အား စိန်ကတ္တီပါလွမ်းခြုံ၍ ဈာပနကျင်းပရာတောင်ကလေးကွင်းသို့ ကရဝိတ်ဖောင်တော်ယာဉ်ဖြင့် ပင့်ဆောင်ခဲ့ကြပြီး ည ၁၀ နာရီအချိန်တွင် မီးပူဇော်ခဲ့ကြောင်း သိရသည်။

သတင်း - စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)