ရန်ကုန်မြို့ ဝေမျှခြင်း ပရဟိတမိသားစုက ညောင်ဦးမြို့နယ် အောက်ယာတဲတိုက်သို့ ရေဂါလံ ၁၆၀၀ လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်မြို့ ဝေမျှခြင်း ပရဟိတမိသားစုက ညောင်ဦးမြို့နယ် အောက်ယာတဲတိုက်သို့ ရေဂါလံ ၁၆၀၀ လှူဒါန်း





ညောင်ဦး၊ ဒီဇင်ဘာ   ၂၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်ဇင်းတိုက်နယ်အတွင်းရှိအောက် ယာတဲတိုက်သို့ ရန်ကုန်မြို့ ဝေမျှခြင်း ပရဟိတမိသားစုမှ ရေဂါလံ ၁၆၀၀ ကို ယနေ့ နံနက် ၁၀နာရီ အချိန်က သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

ညောင်ဦးမြို့နယ်တွင် တဲတိုက်ပေါင်း ၈၀ကျော်ရှိပြီး စက်ရေတွင်းမရှိသည့်တဲတိုက်များနှင့် မြေသားရေလှောင်ကန်မရှိသည့်တဲတိုက်များ ဆောင်ဦးပေါက်ရာသီမှစတင်ပြီးနှစ် စဉ်ရေခက်ခဲကြောင်း၊ သောက်သုံးရေအတွက် ရေအလှူရှင်များလှူဒါန်းသည့် သောက်သုံးရေကို မှီခိုအားထားနေရသည့် တဲတိုက်အပြားအပြားကျန်ရှိနေသေးပြီး ရန်ကုန်မြို့ ဝေမျှခြင်း ပရဟိတမိသားစုမှ ရေဂါလံ ၅၀၀၀ဆံ့ ရေလှောင်အုတ်ကန်များလှူဒါန်းတည် ဆောက်ပေးထားသည့် တဲတိုက် အများအပြားရှိကြောင်းသိရပြီး သောက်သုံးရေများလာ ရောက်လှူဒါန်းလျှင် အဆိုပါရေလှောင် အုတ်ကန်များမှတဆင့်ရေထည့်ပေးခဲ့ပြီး ကုန်သလောက်သယ်ယူသုံးစွဲကြကြောင်း အောက်ယာ တဲတိုက်ရေအကျိုးတော်ဆောင် ဦးစိုးဝင်း ထံကသိရသည်။အောက်ယာတဲတိုက်တွင် အိမ်ခြေ ၂၀ရှိပြီး လူဦးရေ ၇၀ကျော်နေထိုင်ကြောင်း၊ မိုးမကျမခြင်းရေအလှူရှင်းများ လှူဒါန်းသည့်ရေ နှင့်ဝေးလံသည့်နေရာများအထိ သွားရောက်ခပ်ယူသုံးစွဲနေရသည့် တဲတိုက်ဖြစ်ကြောင်းလည်း သိရသည်။

သတင်း - ကိုထိန်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)