ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အမ်းမြို့နယ်ရှိ ဝါဆိုသံဃာတော်များနှင့် တိုက်ပွဲရှောင်ပြည်သူများအား စားအုံးဆီ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အမ်းမြို့နယ်ရှိ ဝါဆိုသံဃာတော်များနှင့် တိုက်ပွဲရှောင်ပြည်သူများအား စားအုံးဆီ ထောက်ပံ့ပေးအပ်


အမ်း၊ ဒီဇင်ဘာ  ၂၇

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌  ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဝါဆိုသံဃာတော်များနှင့် တိုက်ပွဲရှောင်ပြည်သူများအထံသို့ စားအုံးဆီ ‌ထောက်ပံ့ပေးအပ်ခြင်းကို ဒီဇင်ဘာလ(၂၇)ရက် နံနက်(၉) နာရီအချိန်ကပြုလုပ်ခဲ့သည်။

ထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးအောင်က တိုက်ပွဲရှောင် ပြည်သူများအား စားအုံးဆီ ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြသည်။ ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် စားအုံးဆီအား ဝါဆိုသံဃာတော် တစ်ပါးလျင်(၃၀)ဆယ်သားနှုန်းနှင့် တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၂၇၄)စုအတွက်၊ အိမ်ထောင် စု(၁)စုလျှင် စားအုံးဆီ(၁)ပိသာနှုန်း စုစုပေါင်း(၁၅၃)ပိသာ(၃၀)ဆယ်သားအား  မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဌ  ဦးဌေးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးမျိုးမင်းသန့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းခိုင်တို့က မိုးလုံလေလုံ တိုက်ပွဲရှောင်စခန်း၊ ပဲပဒုံတိုက်ပွဲရှောင်စခန်း၊ ကမ်းဒိတ်ဓမ္မာရုံရှိ တိုက်ပွဲရှောင်ပြည်သူ ကိုယ်စားလှယ် များထံ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ထောက်ပံ့ပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တိုက်ပွဲရှောင်ပြည်သူများ တက်ရောက်ကြကြောင်းသိရှိရသည်။

သတင်း - စိုးမင်းထွန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)