စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ၅၀% ထိုးနှံပြီးစီးရေး မုံရွာ-မန္တလေး လမ်းမကြီးပေါ်ရှိ မုံရွာမြို့အဝင် မအူ ပူး‌ပေါင်းစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေးခြင်း ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ၅၀% ထိုးနှံပြီးစီးရေး မုံရွာ-မန္တလေး လမ်းမကြီးပေါ်ရှိ မုံရွာမြို့အဝင် မအူ ပူး‌ပေါင်းစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေးခြင်း ဆောင်ရွက်

 



မုံရွာ၊ ဒီဇင်ဘာ   ၆

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ၅၀% ထိုးနှံပြီစီးနိုင်ရေး မုံရွာ-မန္တလေး လမ်းမကြီးပေါ်ရှိ မုံရွာမြို့အဝင် မအူပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ယနေ့ နံနက် ၈ နာရီမှ စတင်ကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို အခမဲ့ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင်“ အသက်(၁၈)နှစ်အထက် လူဦးရေ၏ ၅၀%အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံနိုင်ရန်အတွက် ယခုအစီအစဉ်ကို ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ မုံရွာမြို့တွင်းက လူဦးရေသာမက ဆေးတစ်ကြိမ်မှ မထိုးရသေးသည့် အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများကို မှတ်ပုံတင်စာရင်း ရေးသွင်းပြီး ပထမအကြိမ်အဖြစ် ယနေ့စတင်ထိုးနှံပေးခြင်း ဖြစ်ကာ (၂၈)ရက်ခြား၍ ဒုတိယအကြိမ်ကိုလည်း ထိုးနှံပေးသွားမှာ ဖြစ်ပါကြောင်း၊ ယခုဖြစ်ပေါ်နေသော မျိုးကွဲဗီဇပြောင်း (Omicron) ဟာ ပတ်ဝန်းကျင်နိုင်ငံများတွင် ပျံ့နှံ့နေပြီ ဖြစ်တဲ့အတွက် ရောဂါကာကွယ်ဆေး ထိုးနှံထားပါက ရောဂါပြင်းထန်မှု သက်သာပြီး အထိုက်အလျောက် ကာကွယ်နိုင်ပါကြောင်း၊ ထို့ကြောင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံရန် လိုအပ်ပါကြောင်း  တာဝန်ရှိသူထံမှ သိရသည်။

မုံရွာ-မန္တလေး လမ်းမကြီးပေါ်ရှိ မုံရွာမြို့အဝင် မအူ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို မုံရွာခရိုင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များ၊ မုံရွာမြို့နယ်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ  ဦးလှဝင်းအောင်နှင့် အဖွဲ့ဝင်များက ကြီးကြပ်၍ မုံရွာခရိုင် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် အမှတ်(၄)တပ်မတော် ဆေးရုံ ကုတင်(၃၀၀)မှ ဝန်ထမ်းများက ခရီးသွားပြည်သူများအား ကာကွယ်ဆေးများ အခမဲ့ ဆက်လက် ထိုးနှံပေးခဲ့သည်။

အလားတူ မုံရွာမြို့အဝင် အလုံစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဒီဇင်ဘာ(၄)ရက်နေ့က ပထမအကြိမ်အဖြစ် ခရီးသွားပြည်သူ (၄၆၀)ဦးအား လည်းကောင်း၊ ဒီဇင်ဘာ(၅)ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် ခရီးသွား ပြည်သူ(၄၂၇)ဦးအား လည်းကောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ အသီးသီး အခမဲ့ထိုးနှံပေးပြီးဖြစ်ကာ မုံရွာ-မန္တလေး လမ်းမကြီးပေါ်ရှိ မုံရွာမြို့အဝင် မအူ ပူး‌ပေါင်းစစ်ဆေးရေးဂိတ်နှင့်  မုံရွာမြို့အဝင် အလုံ ပူး‌ပေါင်းစစ်ဆေးရေးဂိတ်တို့တွင် နေ့စဉ် နံနက်(၈)နာရီမှ ညနေ (၄)နာရီထိ ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးများ အခမဲ့ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)