ပေါင်းတည်မြို့၌ အသက်(၁၈) နှစ်အထက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်းတည်မြို့၌ အသက်(၁၈) နှစ်အထက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး


ပေါင်းတည်၊ ဒီဇင်ဘာ   ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် မင်းကွက်(၂)ရပ်ကွက်၊ ရေတွင်းညီနောင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဆေးထိုး စုရပ်တွင် ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးရာတွင် နိုဝင်ဘာအတွင်း ပထမအကြိမ် ဆေးထိုးနှံပြီး အသက်(၁၈)နှစ် အထက် ပြည်သူ(၂၀၅)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) အမျိုးအစားကို ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရ သည်။

ဆေးထိုးစုရပ်တွင် မင်းကွက်(၁)၊ မင်းကွက်(၂)၊ ဈေး(၁)၊ ဈေး(၂)ရပ်ကွက်အတွင်းရှိ ကာကွယ်ဆေး ထိုးနှံရန် အသက် (၁၈)နှစ်အထက် ပြည်သူ(၂၁၀)ဦးရှိပြီး ကာကွယ်ဆေး ထိုးပြီးသူ(၂၀၅)ဦးရှိကာ အကြောင်းအမျိုးမျိုးကြောင့် ဆေးထိုးရန် ကျန်ရှိနေသူများအား ကာကွယ်ဆေး များကို သတ်မှတ်ဦးတည် အုပ်စုများအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ဆေးထိုးခြင်းလုပ်ငန်းကို ကျန်းမာရေးဝန်ထမ်း များနှင့် အတူ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များက ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - အေးအေးဆင့်(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)