UAB Bank၏ ဘဏ်ခွဲ ၆ခုတွင် Tokenမလိုပဲ ငွေသားထုတ်ယူနိုင် - Myanmar National Post

Myanmar National Post

News Agency

Breaking

UAB Bank၏ ဘဏ်ခွဲ ၆ခုတွင် Tokenမလိုပဲ ငွေသားထုတ်ယူနိုင်



ရန်ကုန်၊ ဒီဇင်ဘာ ၆

၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစတင်၍ UAB Bank ၏ ဘဏ်ခွဲ ၆ခုတွင် Token ယူရန်မလိုပဲ ငွေသားထုတ်ယူနိုင်ကြောင်း သိရသည်။

အဆိုပါဘဏ်ခွဲများမှာ နေပြည်တော်ဘဏ်ခွဲ၊ မူဆယ်ဘဏ်ခွဲ၊ လားရှိုးဘဏ်ခွဲ၊ မိတ္ထီလာဘဏ်ခွဲ၊ ရွှေဘိုဘဏ်ခွဲ၊ မြိတ်ဘဏ်ခွဲတို့ဖြစ်ကြောင်း UAB Bank ကသတင်းထုတ်ပြန်ထားသည်။

တစ်ဦးချင်း ဘဏ်အကောင့်ဖွင့်ထားသော customer များအနေဖြင့် (၂) ပတ်အတွင်း ကျပ် ၅ သိန်း၊ (၁) လအတွင်း အများဆုံး ကျပ် ၁၀ သိန်း အထိ Token ယူရန်မလိုပဲ ငွေသားထုတ်ယူနိုင်ကြောင်း သိရသည်။

ကိုယ်စားလှယ်ဖြင့် ငွေထုတ်ယူလိုပါကလည်း စာရင်းပိုင်ရှင်၏ ငွေစုစာအုပ်မူရင်း၊ကိုယ်စားလှယ်၏ မှတ်ပုံတင်မူရင်း နှင့်အတူ စာရင်းဖွင့်လှစ်ထားသည့် ဘဏ်ခွဲတွင်သာ ထုတ်ယူနိုင်ကြောင်းသိရသည်။

စာရင်းပိုင်ရှင် ကိုယ်တိုင် ထုတ်ယူလိုပါက မှတ်ပုံတင်မူရင်းနှင့် ( ငွေစုစာအုပ် သို့မဟုတ် ATM card ) တစ်မျိုးမျိုး ဖြင့်ဘဏ်ခွဲအားလုံးတွင် ထုတ်ယူနိုင်ကြောင်း UAB Bank မှသိရသည်။


သီဟ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)