မြန်မာနိုင်ငံတွင် ယနေ့အထိ အိုမီခရွန် ကိုဗစ် ၁၉ ဗီဇပြောင်းပိုး ကူးစက်ခံရသူ မရှိသေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနိုင်ငံတွင် ယနေ့အထိ အိုမီခရွန် ကိုဗစ် ၁၉ ဗီဇပြောင်းပိုး ကူးစက်ခံရသူ မရှိသေး



ရန်ကုန်၊ ဒီဇင်ဘာ ၇

မြန်မာနိုင်ငံတွင် အိုမီခရွန် ကိုဗစ်၁၉ ဗီဇပြောင်းပိုး ကူးစက်ခံရသူ မရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။

လူမှုကွန်ရက်အွန်လိုင်းစာမျက်နှာများတွင် ယမန်နေ့ ဒီဇင်ဘာ၆ရက်က ရေးသားဖော်ပြခဲ့ကြသည့် မြန်မာနိုင်ငံတွင် အိုမီခရွန်ကိုဗစ်ပိုးတွေ့ရှိကြောင်းသတင်းအမှားအပေါ် ဒေါက်တာခင်ခင်ကြီးက အထက်ပါအတိုင်း တုန့်ပြန်ပြောကြားခဲ့သည်။

" အိုမီခရွန်က ပိုကူးစက်မြန်နိုင်တယ်ဆိုပေမယ့် ရောဂါပိုပြင်းထန်မှုနဲ့ပတ်သက်ပြီး မပြောနိုင်သေးပါ။

လက်ရှိ delta နဲ့ပတ်သက်ပြီး လုပ်ဆောင်နေတဲ့ ကိုဗစ်စည်းကမ်းတွေအတိုင်းသာ လုပ်ဆောင်နေရင် အိုမီခရွန်အတွက်လည်း ထိရောက်ပါတယ်"ဟု ဒေါက်တာခင်ခင်ကြီးက ပြောကြားခဲ့သည်။

အိုမီခရွန်သည် ကမ္ဘာ့ဒေသကြီး ၆ ခုရှိ နိုင်ငံပေါင်း ၃၈ နိုင်ငံတွင် ရောက်ရှိနေပြီး လက်ရှိတွင် တောင်အာဖရိကတိုက်၌ ကူးစက်ဖြစ်ပွားမှု များပြားခဲ့သည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း ပထမဆုံး အိုမီခရွန် ကိုဗစ်ပိုးကူးစက်ခံရသူတစ်ဦးအား တွေ့ရှိခဲ့ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၆ရက်တွင် ကြေညာခဲ့သည်။


သတင်း - သီဟ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)