နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံအစည်းအဝေးသို့ တက်ရောက်ခွင့်ရှိဟု ကမ္ဘောဒီးယားပြော - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံအစည်းအဝေးသို့ တက်ရောက်ခွင့်ရှိဟု ကမ္ဘောဒီးယားပြော





ဖနွမ်ပင်၊ ဒီဇင်ဘာ ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (ဥက္ကဌ)၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် အာဆီယံအစည်းအဝေးသို့ တက်ရောက်ခွင့်ရှိကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြောကြားသည်။

ယမန်နေ့ ဒီဇင်ဘာ ၆ရက်ကပြုလုပ်သည့် ဆောက်လုပ်ရေးစီမံကိန်းဖွင့်ပွဲတွင် ကမ္ဘောဒီးယားဝန်ကြီးချုပ်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်၍ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံရန်စီစဉ်နေကြောင်း၊ကမ္ဘောဒီးယားနိုင်ငံက လာမည့်နှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ချိန်တွင် အစည်းအဝေးသို့အဖွဲ့ဝင်နိုင်ငံအားလုံးကိုယ်စားပြုတက်ရောက်သင့်ကြောင်းလည်း ပြောကြားခဲ့သည်။


သတင်း - သီဟ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)