ပေါက်မြို့၌ ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုအား မလိုလားသူ ဆူပူအကြမ်းဖက်သူများက အခြေခံပညာမူလတန်းလွန် ကျောင်း ၂ ကျောင်းအား လက်လုပ်မိုင်းများ အသုံးပြု၍ ဖောက်ခွဲဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်မြို့၌ ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုအား မလိုလားသူ ဆူပူအကြမ်းဖက်သူများက အခြေခံပညာမူလတန်းလွန် ကျောင်း ၂ ကျောင်းအား လက်လုပ်မိုင်းများ အသုံးပြု၍ ဖောက်ခွဲဖျက်ဆီး




နေပြည်တော်၊ ဒီဇင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြား နေမှုအား မလိုလားသူ ဆူပူအကြမ်းဖက်သူများက အခြေခံပညာမူလတန်းလွန် ကျောင်း ၂ ကျောင်းအား လက်လုပ်မိုင်းများ အသုံးပြု၍ ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့ လက်လုပ်မိုင်းအသုံးပြု၍ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာလ ၂၅ ရက် နံနက် ၉ နာရီခွဲခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့၊ အောင်တော်မူရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်းအား ကျောင်းရှေ့လမ်းပေါ်မှ ဆိုင်ကယ်မောင်းနှင် လာသည့် အကြမ်းဖက်သမား ၁ ဦးက လက်လုပ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက် ထွက်ပြေးခဲ့ရာ လက်လုပ်ဗုံးမှာ ကျောင်းဝင်းအတွင်းရှိ အလျား ၁၂၀ ပေ၊ အနံ ၃၀ ပေ သွပ်မိုး၊ အုတ်ခင်း၊ အုတ်ကာ ကျောင်းဆောင်ရှိ သတ္တမတန်းစာသင်ဆောင်ရှေ့သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါကျောင်းဆောင်၏ မျက်နှာကျက် ၁၀ ချပ်နှင့် ပြတင်းတံခါးမှန် ၂၀ ချပ်တို့ ကွဲအက်ပျက်စီးခဲ့ ကြောင်း သိရသည်။

အလားတူ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် အောင်ချမ်းသာရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာမူလတန်းလွန်ကျောင်း၌ မသင်္ကာဖွယ်အထုပ်တစ်ထုပ်တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဆရာ၊ ဆရာမများက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျောင်းဝင်း အတွင်း အနောက်ဘက်ခြံစည်းရိုးအုတ်တံတိုင်းနှင့် ၁၅ ပေခန့်အကွာ၌ အနက်ရောင်ပလပ်စတစ် အိတ်ဖြင့် ထုပ်ထားသည့် အထုပ်တစ်ထုပ်အား တွေ့ရှိရသဖြင့် ဖွင့်ဖောက်စစ်ဆေးခဲ့ရာ အဆိုပါအိတ် အတွင်းမှ အလျား ၈ လက်မခန့်၊ အချင်း ၃ လက်မခန့်ရှိ PVC ပိုက်ဖြင့်ပြုလုပ်ထားပြီး စားပွဲတင်နာရီတစ်လုံးဖြင့် ချိတ်ဆက်ထားသည့် လက်လုပ်ချိန်ကိုက်မိုင်းတစ်လုံးအား တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ် ဖောက်ခွဲဖျက်ဆီး ရှင်းလင်းခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များမှ စာသင်ကျောင်းများအား လက်လုပ်မိုင်းအသုံးပြု၍ ဖောက်ခွဲဖျက်ဆီး ခြင်းများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)