မြိတ်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြိတ်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးလျက်ရှိ


မြိတ်၊ ဒီဇင်ဘာ    ၁၈

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် စာသင်ကျောင်းများသို့ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများမှ ကွင်းဆင်း ၍ ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးလျက်ရှိရာ ဒီဇင်ဘာ (၁၈)ရက် နံနက်ပိုင်းတွင် အထက(၃)ကျောင်းမှ ကျောင်းသား/သူများအား ပြုလုပ်ပေးလျက် ရှိသည်။  

ကျောင်းသား/သူများအား  နိုင်ငံသားစိစစ်ရေးကတ်ပြား နိုင်၃(က)ကို မြိတ်မြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူး ဒေါ်ခင်လင်းဝေနှင့် ဝန်ထမ်းများက ပြုလုပ်ပေးရာတွင် သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/မများက ကျောင်းသား/သူများ၏ ကိုယ်ရေးအချက်အလက်များ ရေးသွင်းကူညီဆောင်လျက်ရှိပြီး မြို့နယ်ဦးစီးမှူး ဦးဝင်းဆွေက စီမံကြီးကြပ်ဆောင်ရွက်လျက် ရှိသည်။

မြိတ်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား နိုင်၃(က) ဆောင်ရွက်ပေးခြင်းကို အခြေခံပညာမူလတန်းလွန်ကျောင်း၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းများသို့ ကွင်းဆင်းပြုလုပ်ပေးလျက်ရှိရာ လက်ရှိအချိန်တွင် ကျောင်း(၅) ကျောင်းမှ ကျောင်းသား/သူ စုစုပေါင်း(၂၈၇)ဦးကို ပြုလုပ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက် ပြီး မြို့နယ်အတွင်းရှိ ကျောင်းများသို့ ဆက်လက်ကွင်းဆင်းပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ခိုင်ထူး (ပြန်/ဆက် )

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)