မြို့ပြနှင့် ဒေသဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်းမှသည် နေပျော်ဖွယ်ရာ လူမှုပတ်ဝန်းကျင်ဆီသို့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့ပြနှင့် ဒေသဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်းမှသည် နေပျော်ဖွယ်ရာ လူမှုပတ်ဝန်းကျင်ဆီသို့




နေပျော်ဖွယ်လူ့အသိုက်အဝန်းဟူသည် ရုပ်ပိုင်း ဆိုအရသာယာလှပမှုသာမကစိတ်ပိုင်းဆိုင်ရာ အရပါ အေးချမ်းမှုပေးနိုင်သည့်အပြင် လူမှုအဆင့် အတန်းအားလုံး သာတူညီမျှဖြင့် ပျော်ပျော်ရွှင်ရွှင် ပေါင်းစည်းနေထိုင်နိုင်ပြီး ဘေးကင်းလုံခြုံသည့် အသိုက်အဝန်းတစ်ခုဟု ဆိုနိုင်ပါသည်။


မြို့တစ်မြို့ကိုနေပျော်ဖွယ်ရာ ပတ်ဝန်းကျင် ဖြစ်စေရန် ဆောင်ရွက်ခြင်းဖြင့် စီးပွားရေးသာမက လူမှုရေးအရပါ ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သည့်အပြင် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းစောင့်ရှောက်ပြီးသားဖြစ်ပါလိမ့်မည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး အမှတ်စဉ်(၈/၂၀၂၁)၌ မြို့ပြစီမံကိန်းများရေးဆွဲ ခြင်းလုပ်ငန်းနှင့်စပ်လျဉ်းပြီး


-         မြို့သစ်များ ဖော်ဆောင်ရာတွင် ပါဝင်ရမည့် အင်္ဂါရပ်များအား ပြည့်ပြည့်စုံစုံ ထည့်သွင်း စဉ်းစားပြီး အနာဂတ်အတွက်မျှော်မှန်းတည်ဆောက်ရန်နှင့်

- မြို့ပြနေပြည်သူများ၏ လူနေမှုအဆင့် အတန်းမြှင့်တင်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် လမ်းညွှန်မှုပြုထားကြောင်း တွေ့ရှိရပါသည်။

ထို့အပြင် နိုင်ငံတော်အကြီးအကဲ၏ နိုင်ငံအတွင်းခရီးစဉ်အချို့၌လည်း မြို့ပြစီမံကိန်းများ ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်းပြီး သင့်လျော်သောအထပ်မြင့်အဆောက်အအုံများ ဆောင်ရွက်ခြင်းဖြင့် အခြေခံအဆောက် အအုံ အတွက်ကုန်ကျစရိတ်ကို လျှော့ချရန်၊

- သွားလာချိတ်ဆက်မှု လွယ်ကူစေရေးဆောင်ရွက်ပေးခြင်းဖြင့် ရာဇဝတ်မှုအန္တရာယ်များကို ကာကွယ်ရန်၊


- မြို့များ၏ သန့်ရှင်းသာယာလှပရေးအတွက် လူမှုစီးပွား အခြေခံအဆောက်အအုံများ အလုံ အလောက်ထည့်သွင်းတည်ဆောက်ရန်နှင့် အရိပ်ရလေကာပင်များ စိုက်ပျိုးရန်၊

- မြို့ပြစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ နိုင်ငံတွင် လက်ရှိဖြစ်ပေါ် နေသည့် ပကတိအခြေအနေများနှင့် ကိုက်ညီအောင် လက်တွေ့ကျသည့် အခြေခံအချက်များကို ထည့်သွင်းစဉ်းစားဆောင်ရွက်ရန်၊

- ပြည်နယ်နှင့်တိုင်းကွာခြားမှု၊ ကျေးလက် မြို့ပြကွာခြားမှုများကို လျှော့ချ၍ ဒေသအားလုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်စေရန်၊

- မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများ ရေးဆွဲဆောင်ရွက်ရာတွင် အများသုံးသယ်ယူ ပို့ဆောင်မှုစနစ် ကောင်းမွန်စေရန်နှင့် အနာဂတ်တွင် ယာဉ်ကြောကျပ်တည်းမှုများ မဖြစ်ပေါ်စေရန်အတွက်ပါ ထည့်သွင်း စဉ်းစားရန် မြို့သာယာလှပရေးအတွက် သက်ဆိုင်ရာဌာနများနှင့် မြို့နေပြည်သူ များအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် စသည့် လမ်းညွှန်မှုများ ရှိခဲ့ပါသည်။


မြန်မာနိုင်ငံ၏ မြို့ပြစီမံကိန်း ပုံစံရေးဆွဲခြင်းလုပ်ငန်းသမိုင်းကြောင်း

မြန်မာနိုင်ငံ၏ မြို့ပြစီမံကိန်းပုံစံရေးဆွဲခြင်း (Urban Planning) mgao caososdeczposoze မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့သည်ဖြစ်ရာ ၁၉၂၀ ပြည့်နှစ်တွင် အတည်ပြုခဲ့သော The Rangoon Development Trust Act (RDT Act) အရကနဦး အခြေပြုခဲ့သည်ဟူ ဆိုနိုင်ပါသည်။ ထိုမှတစ်ဆင့် ၃၀-၄-၁၉၅၁ ရက်နေ့ တွင် နိုင်ငံတော် ပြည်သူ့အိုးအိမ်ပြန်လည်ထူထောင် ရေးနှင့် မြို့ရွာစည်ပင်ရေးအဖွဲ့ ( National Housing and Town and Country Development Board NHB)၊ ၁-၇-၁၉၇၀ ရက်နေ့တွင် အိုးအိမ်အဖွဲ့ (Housing Board)၊ ၁၅-၃-၁၉၇၂ ရက်နေ့တွင် အိုးအိမ်ကော်ပိုရေးရှင်း၊ ၁၃-၆-၁၉၇၃ ရက်နေ့တွင် အိုးအိမ်ဦးစီးဌာန၊ ၁-၇-၁၉၉၀ ရက်နေ့တွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ၁-၄-၂၀၁၅ ရက် နေ့တွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနဟူ၍ အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်း ခဲ့ပြီး နိုင်ငံတစ်ဝန်း မြို့ပြနှင့်အိမ်ရာကဏ္ဍ ဟန်ချက်ညီညီ ဖွံ့ဖြိုးရေးကိုဆောင်ရွက်ခဲ့ရာ ရာစုနှစ်တစ်ခုကိုပင် ဖြတ်ကျော်လာခဲ့ပြီဖြစ်သည်။


ထိုသို့ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းပုံစံများ ရေးဆွဲဆောင်ရွက်လျက်ရှိရာတွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနလက်အောက်ရှိ မြို့ပြနှင့်ဒေသ ဖွံ့ဖြိုးရေးဌာနခွဲသည်၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်ထိ မြို့ပြနှင့်ဒေသဖွံ့ဖြိုးရေးစီမံကိန်းပုံစံ စုစုပေါင်း ၉၉ ခု ရေးဆွဲနိုင်ခဲ့သည်။ ၎င်းနောက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အထိ မြို့ပြနှင့်ဒေသများ ဖွံ့ဖြိုးရေးအတွက် စုစုပေါင်း စီမံကိန်းပုံစံ ၂၀၃ ခု ရေးဆွဲပေးနိုင်ခဲ့သည်။ ဌာနအနေဖြင့် ပြည်တွင်းရှိ မြို့ပြစီမံကိန်းရေးဆွဲရေး ပညာရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ပညာရှင်များနှင့်အတူ ပူးပေါင်း၍လည်း မြန်မာနိုင်ငံ၏ မြို့ပြစီမံကိန်းပုံစံရေးဆွဲခြင်းဆိုင်ရာ နည်းပညာများကို ခေတ်နှင့်အညီ တိုးတက်လာစေရန်နှင့် ပြန့်ပွားလာစေရန် စဉ်ဆက်မပြတ် အားထုတ်ဆောင်ရွက် လျက်ရှိသည်။


မြို့ပြစီမံကိန်းပုံစံများရေးဆွဲရာ၌ ထည့်သွင်းစဉ်းစားရသည့်အချက်များ

ယင်းသို့ မြို့ပြစီမံကိန်းပုံစံရေးဆွဲရာ၌ မြို့တစ်မြို့ကို စနစ်တကျ ဖွံ့ဖြိုးလာစေရန်အတွက် ၎င်းမြို့၏ ဖွံ့ဖြိုးမှုအလားအလာ၊ နေပျော်ဖွယ်ရာ ရှိမှု၊ ရေရှည်အကျိုးဖြစ်ထွန်းနိုင်မှု၊ ၎င်းမြို့၏အခြေခံ အဆောက်အအုံများနှင့် စနစ်များက အများဆုံးထောက်ပံ့ပေးနိုင်သော စွမ်းဆောင်ရည်၊ ရာသီဥတုနှင့် သဘာဝဘေးဒဏ်ခံစားရမှုစသော အချက်အလက်များ အတွက်လိုအပ်သောလေ့လာဆန်းစစ် မှုများပြုလုပ်ပြီး ရရှိလာသည့် ခိုင်မာသောရလဒ် များကိုအခြေခံကာ မြို့များ၏ မြို့ပြဖွံ့ဖြိုးမှုစီမံကိန်း ပုံစံကို ရေးဆွဲရပါသည်။


ထူးခြားသည်မှာမူ မြန်မာနိုင်ငံရှိ မြို့ပြများသည် ရေမြေသဘာဝရာသီဥတုအခြေအနေများ ကွာခြားသည့်အပြင် သယ်ယူပို့ဆောင်ရေးကွန်ရက် စနစ်များ၏ လွှမ်းမိုးမှုကြောင့်လည်း နေရာဒေသအလိုက် ဖွံ့ဖြိုးတိုးတက်မှုပုံစံ (Development Pattern) ကွဲပြားမှုရှိပါသည်။ သို့ဖြစ်ပါ၍ မြို့တစ်မြို့ချင်းစီအလိုက် ကိုက်ညီနိုင်မည့် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း ပုံစံရေးဆွဲခြင်းဆိုင်ရာ အခြေခံ အယူအဆများနှင့် စည်းမျဉ်းများ (Planning Concepts & Principles) ကို စိစစ်ရွေးချယ် အသုံးချ၍ မြို့ပြစီမံကိန်းများ ရေးဆွဲရပါသည်။


မြို့ပြဖွံ့ဖြိုးမှုအပေါ် သက်ရောက်နိုင်ခြေ ရှိသော အကြောင်းအရာများ Externalities နှင့် Internalitiesı အရွေ့များ Both Global and Local Paradigm Shifts ကိုပါထည့်သွင်းသုံးသပ် မှသာ မြို့များ၏ ဆက်လက်ရှင်သန်ဖွံ့ဖြိုးနိုင်မှုနှင့် စီးပွားရေးအရ ယှဉ်ပြိုင်နိုင်စွမ်းရှိမှုတို့ကို  ရရှိနိုင်မည်ဖြစ်ပြီး ဖြစ်ပေါ်လာနိုင်သည့် စိန်ခေါ်မှုများကို ပြန်လည်တုံ့ပြန်နိုင်စွမ်းရှိသည့် ရေရှည် ဖွံ့ဖြိုးတိုးတက်သော မြို့များဖြစ်ပေါ်လာနိုင်ပါသည်။


မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအလားအလာကို ဆန်းစစ်ကြည့်ပါက ဖွံ့ဖြိုးမှုနှုန်းအမြင့်ဆုံးမှာ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့ဖြစ်ကြောင်း တွေ့ရပေမည်။ သို့ဖြစ်ပါ၍ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် နှစ်အလိုက် မြို့ပြဖွံ့ဖြိုး ရေးစီမံကိန်းပုံစံ ရေးဆွဲရန်အတွက် ကြိုတင်လျာထား ရာတွင် ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့ကြီး သုံးမြို့၏ ဗဟိုချက်(၃)ခု ဖွံ့ဖြိုးမှု (Tri-Polar Development)ကို အမှီပြု၍ မြို့များ၏ ဖွံ့ဖြိုးမှု တိုးတက်မှုအလားအလာ၊ တည်နေရာအနေအထား၊ ရာသီဥတု၊ သယ်ယူပို့ဆောင်ရေးနှင့် ကုန်စည်စီးဆင်းမှု၊ အချက်အချာ ကျမှု၊ တည်ရှိနေသော အရင်းအမြစ်များ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့် သမိုင်းအမွေအနှစ် များ၊ သဘာဝဘေးဒဏ်ခံစားရ နိုင်ခြေရှိမှု၊ လက်ရှိလူဦးရေနှင့် လူဦးရေတိုးတက်မှုနှုန်း၊ လူဦးရေတိုးတက်လာရသည့် အကြောင်းရင်း စသည်တို့အပေါ်မူတည်၍ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း ရေးဆွဲရန် လျာထားလေ့ရှိပါသည်။ ထိုမျှမကဘဲ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းပုံစံရေးဆွဲပြီး မြို့များ၏ ဖွံ့ဖြိုး တိုးတက်မှုကို ပြန်လည်ဆန်းစစ်၍ ၎င်းရေးဆွဲပြီး မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းပုံစံအား အနည်းဆုံး ငါးနှစ်တစ်ကြိမ်ခန့် ပြန်လည်လေ့လာဆန်းစစ်၍ သုံးသပ်ပြင်ဆင်ရေးဆွဲခြင်း ပြုလုပ်သင့်ပါသည်။


မြို့ပြဖွံ့ဖြိုးရေးဆောင်ရွက်ရာ၌ Good Urban Governance အဖြစ် မြို့ပြစီမံအုပ်ချုပ်မှုယန္တရား ကောင်းစွာလည်ပတ်နိုင်စေရန်ရည်ရွယ်၍ လိုအပ်သော မြို့ပြဆိုင်ရာဥပဒေပြုရေး (Urban Legislation) ကဏ္ဍကို ဆောင်ရွက်ရာတွင်လည်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနသည် အမျိုးသားမြို့ပြမူဝါဒ မူကြမ်း (Drafted National Urban Policy- NUP) နှင့် အမျိုးသားနယ်မြေ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းဥပဒေ (မူကြမ်း)ကိုလည်း ရေးဆွဲထားရှိပြီး အတည်ပြုပြဋ္ဌာန်း နိုင်ရန်အတွက် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။


ရေးဆွဲပြီးမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းပုံစံများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း

၎င်း Urban Governance System များကောင်းမွန်စွာ လည်ပတ်နိုင်ရန်အတွက် လိုအပ်သော  Assets များကိုလည်း အစိုးရ၏ ဘဏ္ဍာငွေခွဲဝေမှုမှလည်းကောင်း (National/State and Regional), မြို့၏အခွန်အခ ကောက်ခံရရှိငွေမှလည်းကောင်း (Local Tax and Revenues) အများပြည်သူ၏ ဆန်းသစ်တီထွင်မှုဖြင့်လည်းကောင်း (Public Innovation and Self-Organizing) အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်လည်းကောင်း (Public Private Partnership- PPP)၊ နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီအထောက်အပံ့များကို လျှောက်ထားရယူခြင်းဖြင့်လည်းကောင်း (Loan/ Grant) ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရှာဖွေရပါမည်။


သို့ဖြစ်ပါ၍ သက်ဆိုင်ရာ မြို့ပြစီမံအုပ်ချုပ်သူ များအနေဖြင့်လည်း မြို့၏ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက်  အစိုးရ၏ဘဏ္ဍာငွေခွဲဝေမှုအပေါ်၌သာ ရပ်တည်  နေခြင်းမပြုဘဲ အခြားသော ဘဏ္ဍာငွေအရင်းအမြစ်များရယူဆောင်ရွက်နိုင်ရန် ကြိုးပမ်းသင့် ပါသည်။


အချုပ်အားဖြင့်ဆိုသော်ကောင်းမွန်စနစ်ကျ၍ ရေရှည်ဖွံ့ဖြိုးနိုင်သော နေပျော်ဖွယ်ရာ မြို့ပြများ ဖြစ်ပေါ်စေရေးအတွက် လိုအပ်သော သုတေသနလုပ်ငန်းများ ပြုလုပ်၍ ခိုင်မာသော ရလဒ်များကို အခြေပြုကာ သက်ဆိုင်ရာ မြို့ပြစီမံကိန်းပုံစံ ရေးဆွဲရေးပညာရှင်များက ဦးဆောင်၍ အထူးပြုပညာရှင် များနှင့် ပြည်သူလူထု၏ သဘောထားအမြင်တို့ကို ပေါင်းစပ်ပြီး မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းပုံစံများကို ရေးဆွဲရန် လိုအပ်သည်။


သို့ဖြစ်ပါ၍ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ မြို့ပြများကို ဘေးကင်းလုံခြုံ၍ သာယာလှပပြီး နေချင်စဖွယ်ဖြစ်သော မြို့များ ရာသီဥတုနှင့် သဘာဝဘေးဒဏ်ခံနိုင်သော မြို့များအဖြစ်မှသည် နေပျော်ဖွယ်ရာ မြန်မာ့လူ့ အသိုက်အဝန်းအဖြစ် ဖွံ့ဖြိုးလာရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ (၁၃၅) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုတင်ပြလိုက် ရပါသည်။ ။


ဟေမာန်(မြို့ပြ/ဒေသ)

(ကူးယူဖော်ပြပါသည်။)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)