ထားဝယ်၊ ဒီဇင်ဘာ ၂၇
Southern Power Grid Co;Ltd က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဇဝဲ-ဘန်းလမွတ်ဒေသရှိ မြန်နိုင်မြင့်ဆီအုန်းခြံနေရာတွင်တည်ဆောက်မည့်(၁၀)မဂ္ဂဝပ် Solar Power Plant လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် စွန့်ပစ် ဆီသီးခိုင်(FBP) လောင်စာသုံး Biomass Thermal Power Plant (၂၆)မဂ္ဂါဝပ် အလတ်စားလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန်ကိစ္စနှင့်စပ်လျဉ်း၍ MOA စာချုပ်နှင့် PPAစာချုပ် ချုပ်ဆိုနိုင်ရေးအတွက်တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့်လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ မြစ်ကြောင်းအတွင်း သဲသောင်တူးဖော်ခြင်း စီမံကိန်းနှင့်စက်မူဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများအတွက် ကွင်းဆင်းစိစစ်ရေးနှင့်စာချုပ်(မူကြမ်း)များစိစစ်ရေးကော်မတီသို့လာရောက် ရှင်းလင်းတင်ပြသည့်အခမ်းအနားကိုယနေ့နံနက် ၉ နာရီ ကထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊အစည်းအဝေးခန်းမ ၌ကျင်းပသည်။
အခမ်းအနားတွင်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို က တနင်္သာရီမြို့နယ်အတွင်းလျှပ်စစ်ဓာတ်အား ကို Solar Power Plant က တစ်နေရာတည်း က တစ်တိုင်းလုံးထုတ်လွှတ်မည်ဆိုပါက အခက်အခဲရှိနိုင်ကြောင်း၊ တနင်္သာရီ တိုင်းဒေသကြီး သည်မြေအနေအထားအရကမ်းရိုးတန်း ဒေသဖြစ်သည့်အတွက် ခရိုင်အလိုက်လျှပ်စစ်ဓာတ်အားရရှိရေးကို ဌာနဆိုင်ရာများအနေဖြင့်တတ်နိုင်သောဘက် က နည်းလမ်းများရှာဖွေပြီး အတိုင်းအတာတစ်ခုအထိရရှိအောင် ကြိုးစား ဆောင်ရွက်ပေးစေလိုကြောင်း၊ ကုမ္ပဏီအနေဖြင့် တနင်္သာရီမြို့နယ်သာမက မြို့နယ်နှင့်ဆက်စပ်နေသော မြိတ်နှင့်တနင်္သာရီ မြို့နယ်အကြားကျေးရွာများအထိ လျှပ်စစ်ဓာတ်အားရရှိအောင်ဆောင်ရွက်ပေးစေလိုကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး တွင်လျှပ်စစ်ဓာတ်အားလိုအပ်သည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နည်းမျိုးစုံသုံး၍ကြိုးစားဆောင်ရွက်လျက် ရှိကြောင်း၊ မဟာဓာတ်အားလိုင်းရောက်ရှိလာပါက တိုင်းဒေသကြီးတစ်တိုင်းလုံးလျှပ်စစ်ရရှိနိုင်သော ကြောင့် တက်ရောက် လာသောဌာနဆိုင်ရာများအနေဖြင့် လိုအပ်သောအကြံဉာဏ်များ၊ အကြံပြုချက်များကို ဝိုင်းဝန်းဆွေးနွေး ပေးကြရန်လိုအပ် ကြောင်းပြောကြားသည်။
ထိုနောက် Southern Power Grid Co;Ltd က MOA စာချုပ်နှင့်PPAစာချုပ် ချုပ်ဆိုနိုင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့်ကော်မတီဝင်များ က လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခဲ့ကြ ပြီးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment