မလေးရှားနိုင်ငံ၊ထိန်းသိမ်းရေးစခန်းများရှိ မြန်မာနိုင်ငံသားများအား မြန်မာသံအမတ် သွားရောက်တွေ့ဆုံ၍ ပြန်လည်လွတ်မြောက်ရေး ကြိုးပမ်းနေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မလေးရှားနိုင်ငံ၊ထိန်းသိမ်းရေးစခန်းများရှိ မြန်မာနိုင်ငံသားများအား မြန်မာသံအမတ် သွားရောက်တွေ့ဆုံ၍ ပြန်လည်လွတ်မြောက်ရေး ကြိုးပမ်းနေ





ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၂၇

မလေးရှားနိုင်ငံ၊ထိန်းသိမ်းရေးစခန်းများရှိ မြန်မာနိုင်ငံသားများအား မြန်မာသံအမတ်ကြီးက သွားရောက်တွေ့ဆုံ၍ ပြန်လည်လွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း မလေးရှားနိုင်ငံဆိုင်ရာမြန်မာသံရုံး၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးမြင့်ထွန်းသည် ဒီဇင်ဘာ ၁၃ရက်မှ ၂၆ရက်အထိ မလေးရှား ထိန်းသိမ်းရေးစခန်း (၃)ခုရှိ မြန်မာနိုင်ငံသား (၁၀၀) ကျော်အား တွေ့ဆုံစစ်ဆေး၍ အားပေးစကားပြောကြားခဲ့ကြောင်း မြန်မာသံရုံးမှ သိရသည်။

မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ သံအမတ်ဦးမြင့်ထွန်းနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ ၂၆ရက်တွင် ဂျိုဟိုးပြည်နယ်ရှိ Pekan Nenas ထိန်းသိမ်းရေးစခန်း၊ ဒီဇင်ဘာ ၂၁ရက်တွင် ဆီရန်ဘန်မြို့ရှိ လင်ဂင်းထိန်းသိမ်းရေးစခန်းနှင့် ဒီဇင်ဘာ ၁၃ရက်တွင် ကွာလာလမ်ပူမြို့ရှိ Bukit Jalil စခန်းသို့ သွားရောက်၍ အထောက်အထား ပြည့်စုံသူ မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်ပို့နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - သီဟ

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)