ကလိန်အောင်၊ ဒီဇင်ဘာ ၂၇
“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားတိုင်း ဥပဒေအရကိုင်ဆောင် သင့် သည့်လက်မှတ်တစ်မျိုးမျိုးကိုင်ဆောင် နိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းကို ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အမှတ်(၄)ရပ်ကွက်အခြေခံပညာ မူလတန်းကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ရေဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးမြင့်နှင့် ဝန်ထမ်းများက ကလိန်အောင်မြို့ အတွင်း နေထိုင်လျက်ရှိသည့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားကို အသက် (၁၀) နှစ်ပြည့်၊ အသက်(၁၈)နှစ်ပြည့် ပြုလုပ်ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့်လဲလှယ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်ပေးခြင်းတို့အား ဆောင်ရွက်ပေးခဲ့ရာ အသက်(၁၀)နှစ်နှင့် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၇၀)ဦးနှင့် အိမ်ထောင်စု (၁၅)စုတို့အား အိမ်ထောင်စုစာရင်း ထုတ်ပေးခြင်းများဆောင်ရွက်ခဲ့ပြီး ပန်းခင်းစီမံချက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။
သတင်း - မိုးမိုးခိုင်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment