ကျောက်ဖြူမြို့၌ အသက်၁၈ နှစ်အထက်ရှိပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတုတ္ထအသုတ်(ဒုတိယအကြိမ်) ၅၃၅၁ ဦးထိုးနှံပြီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့၌ အသက်၁၈ နှစ်အထက်ရှိပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတုတ္ထအသုတ်(ဒုတိယအကြိမ်) ၅၃၅၁ ဦးထိုးနှံပြီး

 


 ကျောက်ဖြူ၊ ဒီဇင်ဘာ  ၂၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အသက် ၁၈ နှစ်အထက်ရှိပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီက အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမဆောင်တွင် စတုတ္ထအသုတ်(ဒုတိယအကြိမ်မြောက်)အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ထိုသို့  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံရာတွင် မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသည့် အသက် ၁၈ နှစ်အထက်ရှိသူများ၊ ရဟန်း သံဃာတော်များ၊ ဘိုး/ဘွားများ၊နှင့် ဦးစားပေးအုပ်စုတွင်ပါဝင်သူများကို သတ်မှတ်နေရာများသို့ လိုက်ပါပို့ဆောင်ပေးခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာဝန်ထမ်းများက စာရင်း မှတ်တမ်းရေးသွင်းကောက်ယူခြင်း၊ ကျန်းမာရေးဌာနမှဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိသူ များသာ ကာကွယ်ဆေးများကို ထိုးနှံပေးသည်။

ကျောက်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား သတ်မှတ်စုရပ်နေရာအသီးသီး၌ ထိုးနှံပေးလျက်ရှိရာ ပထမ၊ ဒုတိယ၊ တတိယအသုတ်များတွင် ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသည့် စုစုပေါင်းပြည်သူ ၂၅၈၆၃ ဦးရှိသည်။ ဆက်လက်ပြီး မြို့ပေါ်ရပ်ကွက်များမှ  စတုတ္ထအသုတ် (ဒုတိယအကြိမ်မြောက်)ကာကွယ်လာရောက်ထိုးနှံသူ ၅၃၅၁ ဦးရှိကာ ဆေးထိုးရန်ကျန်ရှိနေသူများအား ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

သတင်း - ဖြိုးဝေလင်း 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)