အာဖဂန်နစ္စတန်အရေး စိုးရိမ်ပူပန်မှုကြောင့် တာဂျစ်ကစ္စတန်ကို ရုရှားက လက်နက်တပ်ဆင်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဖဂန်နစ္စတန်အရေး စိုးရိမ်ပူပန်မှုကြောင့် တာဂျစ်ကစ္စတန်ကို ရုရှားက လက်နက်တပ်ဆင်ပေး


မော်စကို ၊ ဒီဇင်ဘာ ၂၈

ရုရှားနိုင်ငံသည် မကြာသေးမီက တာဂျစ်ကစ္စတန်နိုင်ငံအား လက်နက်ကိရိယာများ ပံ့ပိုးပြီး ၎င်း၏ကာကွယ်ရေးစွမ်းရည်ကိုမြှင့်တင်ပေးခဲ့ကြောင်း ရုရှား သမ္မတ ပူတင်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ယင်းပံ့ပိုးမှုသည် ပြင်ပအန္တရာယ်ကို ရင်ဆိုင်တုန့်ပြန်ရာတွင် အထောက်အကူပြုစေဖို့ ရည်ရွယ်ကြောင်း ရုရှားနိုင်ငံ စိန့်ပီတာစဘတ်သို့ လာရောက်လည်ပတ်သည့် တာဂျစ်ကစ္စတန်သမ္မတ Emomali Rahmonနှင့်တွေ့ဆုံဆွေးနွေးစဉ်ပြောကြားခဲ့သည်။

တာဂျစ်ကစ္စတန်သည် ရုရှား၏ ယုံကြည်ရသော နီးကပ်သည့် မဟာမိတ်ဖြစ်ကြောင်း၊ တာဂျစ်ကစ္စတန်-အာဖဂန် နယ်စပ်အခြေအနေကို စိုးရိမ်မှုရှိကြောင်း ပူတင်က ပြောကြားခဲ့သည်။

Rahmonက နှစ်နိုင်ငံအကြား လုံခြုံရေးကဏ္ဍတွင် နီးကပ်သည့်ပူးပေါင်းဆောင်ရွက်မှုများရှိကြောင်း ၊ နိုင်ငံတကာနှင့်ဒေသရေးရာတွင် အထူးသဖြင့် အာဖဂန်အရေးကိစ္စတွင် ရုရှားနှင့်အတူ ဆွေးနွေးဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ဆိုသည်။

ပုံစာ- စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့ဝင်နိုင်ငံများမှ တပ်ဖွဲ့ဝင်များက တာဂျစ်ကစ္စတန်နိုင်ငံတွင် ပူးတွဲစစ်ရေးလှုပ်ရှားမှုပြုလုပ်နေသည်ကို အောက်တိုဘာ ၁၈ ရက်က တွေ့ရစဉ် 


 Ref - (ဆင်ဟွာ) 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)