ရန်ကုန်၊ ဒီဇင်ဘာ ၂၉
၂၇.၆.၂၀၂၁ရက်နေ့တွင်မျိုးချစ်သမဂ္ဂ (ရန်ကုန်)နင့် ဆိပ်ကြီး ခနောင်တိုအမျိုးသား ရေးအဖွဲ့မှ ရန်ကုန် မြို့ ပေါ်
ဘုန်းတော်ကြီးတစ်ကျောင်းတွင် လိုအပ်လျက်ရှိသော ထင်းများလှူဒါန်းရန် ဆိပ်ကြီးခနောင်တို မြို့နယ်အောင်မဂ်လာလမ်းရောက်တွင် NLD, PDF အစွန်းရောက် အကြမ်းဖက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်သမားများက ဝိုင်းဝန်တိုက်ခိုက်ခြင်းခံရသဖြင့် လူများ အန္တရာယ်မဖြစ်အောင် တိမ်းရှောင်ခဲ့ရပြီး ကားမှန်းများကို ရိုက်ခွဲ၊ ကားဘော်ဒီကို ထုနှက်တိုက်ခိုက်ခြင်း ခံခဲ့ရသည်။
ဖြစ်စဉ်တွင် လူဦးရေ ၄၀ ကျော် ခန့်ရှိသော NLD PDF အစွန်းရောက် အကြမ်းဖက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်သမားများမှ ကားကိုပိတ်တားကာ အမျိုးသားရေးသမားတွေကွ ရိုက်သတ်ဟု အော်ဟစ်ကာ ကားပေါ်ပါလာသော ကိုဇော်ခတ် ၊ ကိုဟန်သစ်ဇော်၊ ကိုဇော်ခတ် မိန်းမပါ(၃)ဦးအားအသင့်ပါလာသော ဓား၊ လှန်၊ တုတ်များဖြင့် ဝိုင်းဝန်းထိုးခုတ်ကြသဖြင့် ကိုဇော်ခတ်တို့ (၃)ဦး အနီးနားအိမ်အတွင်းသို့ ဝင်ရောက်ပုန်းခိုကာ သက်ဆိုင်ရာသို့ ဖုန်းဆက်အကြောင်းကြားနေခိုက်တွင် ထင်းတင်ထားသော ကားအား ဝိုင်းဝန်းရိုက်ခွဲကာ ထွက်ပြေးတိန်ရှောင်သွားကြသည်။
သက်ဆိုင်ရာရဲများ ရောက်လာချိန်တွင် NLD PDFအကြမ်းဖက်၄၀ ကျော်မှ ထွက်ပြေးတိမ်းရှောင်သွာသဖြင့် ဓာတ်ပုံမှတ်တမ်း CCTVမှတ်တမ်းများရယူကာ စခန်းမှူး ဦးဆန်းမင်းဦး နယ်ထိန်းမျိုးမင်းဦးတို့မှ ရဲစစ်ဆချက်များယူကာအမျိုးသားသမား ဦးဇော်ခတ်မှတရားလိုပြု၍ ပ/၃၈.၂၀၂၁ ပုဒ်မ ၄၄၀ .၃၄၁. ၅၀၆. ၄၀၃. ၁၁၄ အကြမ်းဖက်တိုက်ဖျက်ဥပဒေများနှင့်ပါ အရေးယူပေးပါရန်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၈.၁၁.၂၀၂၁ရက်နေ့တွင် တိမ်းရှောင်ထွက်ပြေးနေသော NLD,PDF အကြမ်းဖက်သမား ၄၀ ကျော်ထဲမှ တရားခံ ဆိပ်ကြီးခနောင်တိုအနောက် အာရကန်ရက်ကွက်နေ တရားခံ အေးကြီး အသက်၃ဝ ကျော်အား ဖမ်းဆီးရမိခဲ့သည်။ တရားခံ အကြမ်းဖက်သမားကို မိပြီးနောက်၂-၁၂-၂၀၂၁ ရုံးထုတ်ရာတွင် စွဲဆိုထားသော ပုဒ်မများထဲမှအာမခံမရသည့် အကြမ်းဖက်မှူ့တိုက်ဖျက်ရေးဥပဒေ ပုဒ် ၄၄၀ကို ပြောင်း၍ အာမခံရသော သာမန်ရိုက်ခွဲမှု ၄၂၇ ပုဒ်မှ အစားထိုးလဲလှည်ကာ ဥပဒေ အရာရှိဦးအောင်ကိုဦး၊ မြို့နယ် တရားသူကြီးဒေါ်ဇင်မာအောင်မှ လာဘ်စားကာအကြမ်းဖက်ကို ကာကွယ်ပေးပြီး အာမခံပေးခဲ့ကြောင်း တရားလို ကာယကံရှင်များက ထံမှ သိရသည်။
အကြမ်းဖက်သမားကို ရုံးထုတ်ရာတွင် တရားလို တရားခံကို တရားရုံးတွင် တွေ့ဆုံခွင့်မပေးဘဲ ၁၆-၁၂-၂၀၂၁ရုံးချိန်း ၂၉-၁၂-၂၀၂၁ရုံးချိန်းများကို (၃)ချိန်တိတိ ဆက်လက်လုပ်ဆောင်ကာ ၁၁-၁.၂၀၂၂ ရက်ကို ရုံးချိန်းထပ်မံ ချိန်းဆိုလိုက်ကြောင်း သိရသည်။
NLD, PDF အစွန်းရောက် အကြမ်းဖက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်သမားများနှင့် ရင်ဆိုင်ခဲ့ရသူများက "န.စ.က အစိုးရကြီး၏ တရားရေး မဏ္ဍိုင်တွေထဲတွင် အကြမ်းဖက်ကို အားပေးသော အကြမ်းဖက်နှင့် အတူ သူရသည့် နေရာမှ လုပ်ဆောင်နေသော ဖရဲသီးနိုင်ငံ့ဝန်မထမ်း များက န.စ.က အစိုးရ၏ လည်ပတ်လျက်ရှိသော စက်ယန္တရားကိုအတွင်းလှိုက်၍ ဖျက်ဆီးနေသော အတွင်းလောက် သစ္စာဖောက်များဖြစ်ကြောင်း၊ ထိုသို့ နိုင်ငံကို ဖျက်ဆီးနေသော အကြမ်းဖက်များနှင့် ဖရဲသီး သစ္စာဖောက်လောက်ကောင် ဝန်ထမ်းများအားအမြန်းဆုံး ဖော်ထုတ် ရှင်းလင်းဖယ်ရှားအရေးယူနိုင်မှသာ အကြမ်းဖက်ဘေးမှကင်းဝေးပြီး တည်ငြိမ်အေးချမ်းသော ဖွံ့ဖြိုးတိုးတတ်သော ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ကြီး တည်ဆောက်နိုင်မည်ဖြစ်ကြောင်း" ပြောဆိုထားသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment